ကလေးငယ်တို့အတွက် Traffic Light ပုံစံSandwich လေးပါ
လို အပ်သောပစ္စည်း***
sandwich ပေါင်မုန့်  ၃ချပ်
သခွားသီးအကွင်း ၃ ချပ်
ခရမ်းချဉ်သီး
ကြက်ဥ တလုံး
mayonaise 1 tbsp
ပြုလုပ်နည်း ***
ပထမ ပေါင်မုန့်ကို ဘေးနားလှီးပြီး အလယ်မှ ထပ်ခြမ်းလှီးပါ တချပ်ကို မရောနှစ်သုပ်ထားပါ ကျန်တချပ်ကို cutter သို့ ပုလင်းဖုံးသေးသေးဖြင့် အပေါက်သုံးပေါက်ဖောက်ကာ မရောနှစ်သုပ်ထားသောအချပ်ပေါ်သို့ ထပ်လိုက်ပါ အနီရောင်အတွက် ခရမ်းချဉ်သီးအပြင်ပိုင်းကို လှီးယူပြီး ပုလင်းဖုံးဖြင့်ဖြတ်ယူပြီးထည့်ပါ ။ အစိမ်းအတွက်ကို သခွားသီး သေးသေး အကွင်းလှီးထားတာထည့်ပါ။ အဝါအတွက်ကြက်ဥကိုသုံးပါ့မယ် ငုံးဥ အနှစ်လေးဘဲအလုံးလိုက်ယူထည့်လို့ရပေမဲ့ ကြက်ဖို့ခက်ပါတယ် ။ ကလေးတော့အစိမ်းမကျွေးချင်လို့ ကြက်ဥဘဲသုံးရအောင်နော် ။ ကြက်ဥ တလုံးကိုဖောက်ပြီး အနှစ်နဲ့ အကာတဝက်ဘဲယူပါ့မယ် အဝါရောင်ရင့်ရင့်ရအောင်ပါ ။ ကြက်ဥကို ခေါက်ပြီး ဒယ်တခုတွင် ကြော်ပါ ဆီအကပ်ဖြင့်တဘက်ကျက်ဘဲကြော်ကာဆယ်ယူပြီးအဝိုင်းလေးဖြတ်ကာ ထည့်ပါ သုံးရောင် ဝါစိမ်းနီရပါက ပေါင်မုန့်ကို oven မှာ Toast လုပ်ပါ ဒယ်အိုးတွင်အနည်းငယ်အပူပေးအရောင်ယူ၍လည်းရပါတယ် ဒယ်အိုးမှာ ကင်ရင်တော့ ကင်ပြီးမှ ဝါစိမ်းနီထည့်ရင်ပို အဆင်ပြေပါတယ် ။ အနည်းငယ် အပြင်ပိုင်းအရောင်ရပါက သုံးဆောင်နိုင်ပါပြီ ။ Toast မလုပ်ဘဲလည်း သုံးဆောင်နိုင်ပါတယ် ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
ရှမ်းပြည်အစားအစာဖြစ်တဲ့ငှက်ပျောဖူးချဉ်လုပ်ကြည့်ဖို့အကြံပေးတဲ့တောင်ကြီးကညီမယွန်းဖူးဖူးကိုကျေးဇူးတင်ပါတယ်။သတ်သတ်လွတ်လည်းဖြစ်ပြီးဆန်နီလေးနဲ့ခ...
No comments:
Post a Comment