Egg Wonton
ဖတ်ထုပ်ဖက်မပါဘဲ ကြက်ဥနဲ့ ဖတ်ထုပ်ပြုတ်၊ဖတ်ထုပကြော်လေးလုပ်စားရ အောင် နော်
ကြက်ဥဖတ်ထုပ်အတွက်လိုအပ်သောပစ္စည်း*
ကြက်ဥသုံးလုံး
ဆား အနည်းငယ်
ကြက်ဥကို ဆားအနည်းငယ်ထည့်ပြီးကြေအောင်ခေါက်ထားပါ
အစာသွပ်ရန်အတွက်**
နှစ်သက်ရာအသားစဉ်းထားတာ
ပဲငံပြာရည်
ခရုဆီ
ှနှမ်းဆီမွေး
ငရုပ်ကောင်းထည့်ပြီး ဆီအနည်းငယ်ဖြင့်ကြော်ပေးပါ အစိမ်းထည့်လိုကထည့်နိုင်သည် ကြက်ဥ ဖတ်ထုပ်ကို သေခြာ ပြန်ပြုတ်ရပါမယ်
ကြက်ဥဖတ်ထုပ်စလုပ်ပါ့မယ် ***
အိုးမကပ်သောဒယ်တခုကိုအပူပေးပြီးဆီအနည်း ငယ် ထည့်ကာနှံ့အောင် လူးပေးပါ ကြက်ဥထည့်လိုက်သည်နှင့်ကျက်နိုင်သည့်အနေအထားပူရပါမယ် အိုးမပူပါကကြက်ဥအရည်ထည့်စဉ်အဝိုင်းအနေထားရရန်ခက်ပါတယ်
ခေါက်ထားသောကြက်ဥကိုပုလင်းဖုံးတဖုံးစာခန့်ခပ်ပြီးအိုးထည်းသို့သာသာလေးအဝိုင်းပုံစံရအောင်ထည့်ပါ မီးကို အတိုးလျော့လုပ်ပေးရပါမယ် ကြက်ဥအပေါ်မျက်နှာပြင်မခြောက်ခင် ကြက်သားကြော်ကို ဇွန်းသေးသေးဖြင့်ခပ်ထည့်ပြီးကြက်ဥအပြားလေးကိုခေါက်ပါ လခြမ်းပုံဖြစ်အောင်ခေါက်ပါ ခေါက်လိုက်ပါက ကြက်ဥအတွင်းသားများကပ်သွားပါလိမ့်မယ် ကပ်သွားပါက ကြက်ဥဖတ်ထုပ်အနားလေးကိုသာသာဖိပေးပြီး ဟိုဘက်ဒီဘက်လှန်ကြော်ပါ ကြက်ဥအကျက်လွန်လျှင်မကပ်ပါ မကပ်ပါက ကြက်ဥအရည်လေးဖြင့်တို့ပြီးကပ်ပေးနိုင်ပါတယ်။ ကြော်ပြီသားဖတ်ထုပ်လေးများကို ပန်းကန် တချပ်တွင်ထည့်ထားပါ။ကြက်ဥသုံးလုံးကို ဖတ်ထုပ်အခုနှစ်ဆယ်ရပါတယ်
ကြက်ဥဖတ်ထုပ်ပြုတ် အတွက် ဟင်းရည် တည်ပါ့မယ် မိမိနှစ်သက်ရာပုံစံချက်ပါ အခုလုပ်ထားတာလေးကတော့ပဲကြာဇံနဲ့ပဲရွက်ရောထားပြီးကြက်ဥဖတ်ထုပ်လေးထည့်ထားတာပါ အရသာ ငံပြာရည် ခရုဆီ၊ ဆီမွေး၊ ကြက်သွန်ဖြူဆီချက်၊ ငရုပ်ကောင်းထည့်ပါတယ် ။အ ကြော် အနေ နဲ့ စားမယ် ဆိုလည်း အရောင်ရသည်ထိကြော်ပြီး နှစ်သက်ရာဆော့ဖြင့် သုံးဆောင် နိုင်ပါတယ် ။
လုပ်ရတာ နည်းနည်းအနုစိတ်ပေမဲ့ လုပ်ထွက်လာတော့ပျော်စရာကောင်းပါတယ် ။ လုပ်စားကြည့်နော် ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
ရှမ်းပြည်အစားအစာဖြစ်တဲ့ငှက်ပျောဖူးချဉ်လုပ်ကြည့်ဖို့အကြံပေးတဲ့တောင်ကြီးကညီမယွန်းဖူးဖူးကိုကျေးဇူးတင်ပါတယ်။သတ်သတ်လွတ်လည်းဖြစ်ပြီးဆန်နီလေးနဲ့ခ...
No comments:
Post a Comment