2011 Asian Pasta Creationမှာ ပြိုင်ပွဲဝင်ခဲ့တဲ့ Pasta လေးဘဲဖြစ်ပါတယ်
Italian Pastaကို Asian Pasta Style ပြောင်း ထားတာပါ
ပါဝင်ပစ္စည်း
******
ပြုတ်ပြီးသား Pasta 150gm
နှစ်သက်ရာ Seafood ပုဇွန် ပြည်ကြီးငါး
ပဲစိမ်းလုံး 1Tbsp
ကြက်သွန်နီ 1/3cup
ကြက်သွန်ဖြူသေးသေးစိပ် 1 Tbsp
ငရုပ်သီးအနီ သေးသေးစိတ် 1tsp
သံလွင်ဆီ 1Tbsp
ဆော့တွင်ပါဝင်ပစ္စည်း
***********
ယိုးဒယားဟင်းချက်အနှစ် 1Tbsp
ငံပြာရည် 1Tbsp
ခရုဆီ 1Tbsp
အုန်းနို့ခရင်မ် 5Tbsps
ထိုင်းပင်စိမ်း (အချို) တစ်ခက် နုတ်နုတ်စိပ်ထားပါ
ပြင်ဆင်ချက်ပြုတ်နည်း
************
ဦးစွာ ပထမ Seafood တို့ကို ရေ ဆေးသန့်စင်ပြီးရေနွေးဖျောထားပါ ။ (Seafood အစိမ်းကိုကြော်၍လည်းရသည်)
ဆော့ ပြုလုပ်ရန်ပါဝင်ပစ္စည်းများကို ခွက်တခုတွင်ထည့်ပြီးအားလုံးကိုရောစပ်ထားပါ။
pasta ကိုပြုတ်ထားပါ ။
ဒယ်အိုးတခုတွင်သံလွင်ဆီထည့်ပြီး ကြက်သွန်နီ၊ကြက်သွန်ဖြူ ၊ ငရုပ်သီးနှင့် seafoodကို ကြော်ပါ ပဲစိမ်းလုံးထည့်ပါ ။Seafood ကျက်ပါက ရော စပ်ထားသော ဆော့အရောကိုထည့်ပါ ဆူပွက်ပါက ရေနွေးဖျောထားသောPastaကို ထည့်မွေကာအရသာအပေါ့အငန်မြည်း၍ပန်းကန်တွင်တည်ခင်းပြီး ပင်စိမ်းရွက်တခက်ဖြင့် အလှဆင်ကာ သုံးဆောင် နိုင်ပါပြီ ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihmjgKeKziYFWJBOUUCBMNzrBGpkdVGWsOdY1Q4m74C5N5CwBKrZzrUgRcH4y92k4flGIi0YFw4X6L0oHdk_3GQcUoYrA-E_chxX_V7-icv4nXM4X1bHgmN9OeD3460qKmBsNgmFUd5FUC/s400/20161116_160813_mh1479284208999_wm.jpg)
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Home made Myanmar Traditional Fish Pickle မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်ေ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment