5 June 2015

ကင်မ်ချီ

 ကိုရီးယားကင်မ်ချီပြုလုပ်နည်းအမျိုးပေါင်းတစ်ရာကျော်ရှိတယ်လို့ဆိုထားပါတယ်ဒီလုပ်နည်းလေးကတော့ဆရာတယောက်ဆီကသင်ထားတာလေးနဲ့You Tubeကလုပ်နည်းတချို့နဲ့ပေါင်းစပ်ပြီးပြု လုပ် ထားတာပါလုပ်နည်းမတူပါကမိမိနှစ်သက်ရာနည်းဖြင့်ပြုလုပ်နိုင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းနှင့်ပြုလုပ်နည်း
**************
မုန်ညင်းထုပ် - တစ်ကီလို
မုန်လာဥနီ - တစ်တောင့်
မုန်လာဥဖြူ - တစ်တောင့်
ကြက်သွန်မိတ် - တစ်စည်း (အရင်းပိုင်း)
ဆား - ၅ ဇွန်း
ဆန်မှုန့် -၃ဇွန်း စားပွဲတင်ဇွန်း
ရေ - ၂၅၀ml
ငရုပ်သီးအနှစ် - ၃၀၀ ဂရမ်
ဂျင်း - တစ်လက်မ
ပုဇွန်ခြောက်မှုန့် - ၅ဇွန်း
သကြား - ၅ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ငံပြာရည် - ၆ဇွန်း
နှမ်း - ၃ဇွန်း
(၁)မုန်ညင်းထုပ်ကိုရေဆေးထပ်ခြမ်းခြမ်းပြီးဆား ၄ဇွန်းဖြင့်နှယ်ပြီးရေအနည်းငယ်ဖြင့်၅နာရီခန့်စိမ်ထားပါ။
(၂)စိမ်ပြီးပါကမုန်ညင်းကိုတလွှာဆီရေသေချာဆေးပြီးရေညစ်ထားပါ။
(၃)ကြက်သွန်မိတ်အရင်းပိုင်းများကိုဖြတ်ထားပါ။
(၄)မုန်လာဥနီနှင့်မုန်လာဥဖြူတို့ကိုအချောင်းသေးသေးကြက်သွန်မိတ်နှင့်ဆိုဒ်တူဖြတ်ပြီးလက်ကျန်ဆားတဇွန်းဖြင့်နယ်ပြီးရေဆေးရေစစ်ထားပါ။
(၅)ဆန်မုန့်ကိုရေ၂၅၀mlဖြင့်ဖျော်ပြီးမီးဖိုပေါ်တွင်ပျစ်လာအောင်ကျိုပေးပြီးအအေးခံထားပါ။
(၆)ငရုပ်သီးအနှစ်မရှိပါကအခြောက်ကိုရေစိမ်ပြီးကြိတ်ထားပါ။
(၇)ဇလုံတခုတွင်အအေးခံထားသောဆန်မှုန့်ကျိုထားသည်ကိုထည့်ပါ။ပုဇွန်ခြောက်မှုန့်၊ငရုပ်သီးနှစ်၊ဂျင်းထောင်း၊သကြား၊ငံပြာရည်၊ဟင်းခပ်မှုန့်၊နှမ်းတို့ကိုထည့်ပြီးသမအောင်မွေပါ။အရသာမြည်းပါ။အရသာလိုအပ်ပါကထပ်မံဖြည့်စွက်ပေးပါ။
(၇)အားလုံးဆင်သင့်ဖြစ်ပါကရောစပ်ထားသောငရုပ်သီးအနှစ်ထဲသို့မုန်လာဥနီ ၊မုန်လာဥဖြူ၊ကြက်သွန်မိတ်အရင်းပိုင်းတို့ကိုထည့်ပြီးမွေပါ။
(၈)ရေညစ်ထားသောမုန်ညင်းကိုနောက်ဇလုံတခုတွင်ထည့်ပြီးအောက်ဆုံးတလွှာမှစ၍မုန်လာဥနှင့်ငရုပ်သီးအရောကိုခင်းထည့်ပါ။တလွှာပြီးတလွှာထည့်ပေးပါ။
(၉)အားလုံးပြီသွားပါကလေလုံသောဘူးတခုတွင်မုန်ညင်းထုပ်ကိုစုပြီးထည့်ပါ။အပေါ်မှလက်ကျန်ငရုပ်သီးအရောများကိုတင်ပြီးအဖုံးလုံလုံပိတ်ကာအခန်းအပူချိန်တွင် ၄၈နာရီထားပါ။
(၁၀)၄၈နာရီတွင်ကင်မ်ချီသည်စတင်ချဉ်လာပြီဖြစ်သဖြင့်ရေခဲသေတ္တာသို့ပြောင်းရွေ့သိမ်းဆည်းကာလိုသလိုလှီးဖြတ်ပြီးချက်စား၊သုပ်စားနိုင်ပြီဖြစ်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...