အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
1 June 2015
Sushi Sandwich
Sushi ပြုလုပ်နည်းအတိုင်းမလိပ်ဘဲ sandwich ပုံစံပြုလုပ် ထားတာပါ။လုပ်ပုံလုပ်နည်းပါဝင်ပစ္စည်းအားလုံးအတူတူဘဲဖြစ် ပါတယ်။
ဆူရှီထမင်းအတွက်ပါဝင်ပစ္စည်း
****************
ဆူရှီ ဆန် - ၃ခွက်
ဆန် ဗီနီဂါ - ၁ခွက်
သကြား - ၂ဇွန်း
ဂျပန် ဟင်းခပ်မှုန့် - အချိုမှုနု့်နဲ့အရသာဆင်
(၁)ဦးစွာထမင်းအရင်တည်ပါ။မပျော့စေနဲ့။
(၂)ထမင်းကျက်ပါကဇလုံတခုတွင်သွန်ထည့်ထားပြီးခေတ္တအအေးခံထားပါ။ယောက်မဖြင့်အထက်အောက်လှနိပေးပါ။
(၃)ခပ်နွေနွေးအနေထားတွင်ထမင်းပေါ်သို့ဆန်ဗီနီဂါနည်းနည်းဆီထည့်ပြီးဖွဖွမွေပေးပါ။ သကြားထည့်ပါ။ အရသာမြည်းကြည့်ပြီးလိုအပ်ကထပ်မံဖြည့်စွက်ပါ။မွေစဉ်ဆန်လုံးမပျက်ရန်ဂရုပြုပါ။
(၄)ပြီးလျှင်အဖုံးအုပ်ပြီးဘေးဖယ်ထားကာအတွင်းတွင့်ထည့်ရန်အစာများပြင်ဆင်ပါ့မယ်။
အဓိကပါသောပါဝင်ပစ္စည်း
**************
ရေညှိခြောက် - တစ်ထုပ်
ဂျပန်မရောနစ် - လိုသလောက်
နှမ်း - အနည်းငယ်
ထောပတ်သီး - တစ်လုံး အမြောင်းစိတ်ကာသံပုရာရည်ဖြင့်စိမ်ပါ
သခွားသီး - တလုံးအချောင်းစိတ်ထားပါ
မုန်လာဥနီ -တတောင့်အချောင်းစိတ်ထားပါ
ဆလပ်ရွက် - လိုသလောက်
မိမိပြုလုပ်မည့်ဆူရှီလိပ်ပေါ်မူတည်၍မိမိနှစ်သက်ရာအသားငါးကြက်ဥတို့ကိုပြောင်းပြီးလိပ်သွားရန် ***
ကြက်ဥ - တစ်လုံး ခေါက်ပြီးခပ်ထူထူအချပ်ကြော်ကာအချောင်းလေးများဖြတ်ထားပါ။
ကြက်အူချောင်း - ၂ချောင်း ရေနွေးဖျော လေးစိတ်အချောင်းဖြတ်ပါ
ဂဏန်းချောင်း - ၂ချောင်း ရေနွေးဖျောပါ
ပုဇွန် - ရေနွေးဖျောထားပါ
အခြားနှစ်သက်ရာအစာများအသုံးပြုနိုင်ပါတယ်။
ဆူရှီစလိပ်ပါ့မယ်
*********
ဦးစွာဝါးယင်းလိပ်ကိုပလပ်စတစ်ဖြင့်ပတ်ထားပါ။ရေပန်းကန်တခုယူထားပါ။ဝါးယင်းလိပ်ပေါ်တွင်ရေညှိခြောက်ခင်းပါ။လက်ကိုရေစွပ်ပြီးထမင်းကိုအလုံးခပ်ကြီးကြီးလုံးပါ။ရေညှိပေါ်သို့နည်းနည်းဆီဖြန့်ပြီးခင်းပါ။နှမ်းအနည်းငယ်ဖြူးပါ။(အပြင်လိပ်လိုပါကတဘက်သို့လှန်လိုက်ပါ။ ) ပါဝင်ပစ္စည်းများမှ သခွားသီး၊ မုန်လာဥ ၊ ဆလပ်ရွက် (မထည့်လည်းရ) ၊ ထောပတ်သီး ၊ နှစ်သက်ရာ ကြက်ဥ သို့ ကြက်အူချောင်း၊ဂဏန်းချောင်းထည့်ပြီးမရောနှစ်ထည့်ကာမိမိနှင့်နီးရာဘက်မှဖြည်းဖြည်းချင်းကျစ်နေအောင်လိပ်သွားပါ။ပြီးလျှင်ဓားထက်ထက်ဖြင့်လှီးဖြတ်ပြီးဂျပန်ဂျင်းနု၊soyasauceတို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ ။
Sushi Sandwich
************* ပြုလုပ်နည်းမှာေ၇ညိနှင့်ထမင်းကိုထည့်ပြီးအတွင်းမှမိမိပြုလုပ်လိုသည့်အစာထည့်ကာနှစ်ချပ်ထပ်ပြီးမာကျစ်ကျစ်ဖြစ်စေ၇န်အနည်းငယ်ဖိပေးပြီး sandwich ပုံစံလှီးဖြတ်၇မှာဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
-
Home made Myanmar Traditional Fish Pickle မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်ေ...
အစားမလုပ်တတ်တာမရှိနည်းပဲလို နော်love
ReplyDelete