အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
1 June 2015
ခုနှစ်လွှာပေါက်စီ
ပါဝင်ပစ္စည်း ၁၂လုံးစာ
***********
ဂျုံ - ၅၀၀ ဂရမ် (All Purpose Flour)
Yeast ပွဆေး - ၁/၃ စားပွဲတင်ဇွန်း
သကြား - ၅၀ဂရမ်
ဆား - ၃ ဂရမ် အနည်းငယ်
ဆီ - ၅၀ ဂရမ်
ကြက်ဥ - တလုံး
ရေ - ၂၀၀ ml
ဆီစာအတွက်လိုအပ်သောပစ္စည်း
*****************
ဆီ - ၁၀၀ ဂရမ်
ဂျုံ - ၁၅၀ ဂရမ်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဂျုံကို ဇလုံတခုတွင်ထည့်ပြီးပါဝင်ပစ္စည်းအားလုံးဖြင့်ဂျုံသားချော မွေ့လာသည်ထိနှယ်ပါ။ ချောမွေ့လာပါကသုံးပိုင်းခွဲပြီးဆယ်မိနစ်ခန့်နှပ်ထားပါ။
(၂)နှပ်ထားစဉ်ဆီစာပြုလုပ်ပါ။ဆီနှင့်ဂျုံကိုသမအောင်ရောမွေထားပြီးသုံးပုံပုံထားပါ။
(၃)ပြီးလျှင်နှပ်ထားသောဂျုံလုံးကိုပြားပြီးဆီစာထည့်ပြီးပြန်လုံးထားပါ။ဆီစာမထွက်လာစေရန်အထူးဂရုပြုပါ။
(၄)မိမိနှစ်သက်ရာအစာကို အဆင်သင့်လုပ်ထားပါ။(ပဲယို၊ အုန်းသီးသို့ အသား)
(၅)ဂျုံသားနှပ်ပါကလိမ့်တုန်းဖြင့်ပြားပြီးပြန့်နေအောင်ဖြန့်ပါ။ဆီစာများပေါက်မထွက်စေရန်ဂရုပြုရပါမယ်။
(၆)အပြန့်ညီပါကအစွန်းတဖက်မှစ၍အတွင်းဘက်သို့ကျစ်နေအောင်လိပ်ပေးပါ။
(၇)ရလာသောအလိပ်ကိုလေးပိုင်းပိုင်းပြီးထောင်၍စီထားပါ။ရေစိုအဝတ်ပါးဖြင့်ဖုံးအုပ်ထားပါ။
(၈)ဂျုံသုံးလုံးစလုံးလိပ်ပြီးဖြတ်ပြီးပါကပထမဆုံးလိပ်ထားသောအလိပ်မှစတင်ပြီးထောင်ထားသည့်အတိုင်းပြားပေးပါ။အလွှာများမကွဲအောင်ဂရုပြုပါ။
(၉)ပြားပြီးပါကနှစ်သက်ရာအစာထည့်ပြီးလုံအောင်ပိတ်ပါ။ခုနှစ်လွှာပေါက်စီသည်ပန်းဖော်ရန်မလွယ်ကူပါ။ပိတ်ထားသောဘက်ကိုအောက်ဖက်တွင်ထားရမည်။အလွယ်တကူပွင့်ထွက်နိုင်သည်။
(၁၀)အစာသွပ်ပြီးသားပေါက်စီကိုမိမိပေါင်းမည့်ဘမ်းတွင်စက္ကူခံပြီးမှောက်၍တင်ပါ။
(၁၁)အားလုံးပြီးပါက အဖုံးအုပ်ပြီး ပူနွေးသောနေရာတွင်အပွခံထားပါ။ (၁၂)အပွခံထားစဉ်ပေါက်စီပေါင်းမည်အိုးကိုရေနွေးအစဉ်သင့်တည်ထားပါ။
(၁၃)အပွခံထားသောမုန့်လိုအပ်သောအပွအနေထားသို့ရောက်ပါက ဆူပွက်နေသောရေပေါင်းခံအိုးသို့တင်ပြီးအဖုံးလုံလုံဖြင့်ဆယ်မိနစ်ခန့်ပေါင်းပြီးလျှင်သုံးဆောင်နိုင်ပါပြီရှင်။
ပဲယိုပြုလုပ်နည်း
*********
ပဲလွန်း - ၂၅ကျပ်သား
ထန်းလျက် ၂၅ကျပ်သား
ဆီ - ၁၅ ကျပ်သား
ဆား - အနည်းငယ်
(၁)ပဲလွန်းကိုရေတညစိမ်ပြီးဆော်ဒါလ္ဘက်ဇွန်းတစ်ဇွန်းထည့်ပြီးပြုတ်ပါ။
(၂)ပဲနူးပါကရေစစ်ထားပြီးကြိတ်စက်ဖြင့်ကြေအောင်ကြိတ်ပါ။
(၃)ထန်းလျက်ကိုရေအနည်းငယ်ဖြင့်ကျိုပြီးအမှိုက်များစစ်ထုတ်ပါ။ပြီးလျှင်ညောင်စေးကျအောင်ပြန်ကျိုထားပါ။
(၄)ပဲယိုထိုးမည့်ဒယ်အိုးတွင်ဆီထည့်ပြီးထန်းလျက်ထည့်ကြော်ပါ။
(၅)မွှေးပြီးထန်းလျက်ပွလာပါကပဲကြိတ်ထားသည်ကိုထည့်ပါ။ဆားအနည်းငယ်ထည့်ပြီးရေခမ်းဆီပြန်လာသည်ထိမွေပေးပါ။
ပဲနှင့်ထန်းလျက်တွင်ရေကျန်ပါကကျိုနေစဉ်တွင်အပူများစင်တတ်၍ဂရုပြုပါ။
(၆)အထားခံရန်ဆီပြန်ပြီးလုံးလာသည်ထိကျိုပေးပါ။ပြီးလျှင်အအေးခံထားကာလိုသလိုအသုံးပြုနိုင်ပါပြီ။
ကြက်သားအစာသွပ်ရန်အတွက်
*****************
(၁)ကြက်သွန်နီအတုံးသေးသေးစိတ်ပြီးကြော်ပါ။
(၂)ကြက်သားစင်းကောထည့်ပါ။
(၃)ဆား၊ဟင်းခတ်မှုန့်၊ ရှောက်ကောထည့်ပါ။
(၄)ကျိုချိုက် ထည့်ပါ။ နှစ်သက်ပါကပဲပင်ပေါက်ထည့်ပါ။
(၅)အရသာမြည်းကာဆယ်ယူဆီစစ်ထားပါ။
(၆)အစာသွပ်မည့်အချိန်တွင်ကြက်ဥအစိမ်းတလုံးထည့်ကာမွေပေးပါ။
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
-
Home made Myanmar Traditional Fish Pickle မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်ေ...
thank you teacher
ReplyDelete