1 June 2015

ကန်ဇွန်းဥဆနွင်းမကင်း



Sweet Potato Walnut Cake
ငယ်ငယ်ကတည်းကနှစ်သက်ခဲ့တဲ့အချိုပွဲလေးဖြစ်ပါတယ်။ဒီမုန့်လုပ်နည်းအချိုးလေးကသူငယ်ချင်းLin Thawdar ဆီကပါ။ပါဝင်ပစ္စည်းနဲ့လုပ်နည်းအဆင့်အနည်းငယ်ပြင်ပြီးပြုလုပ်ထားပါတယ်။ကျေးဇူးပါ Sis Lin Thawdar :-)

ပါဝင်ပစ္စည်း
******
ကန်ဇွန်းဥ - တစ်ကီလို
သကြား - ၂၀၀ ဂရမ်
ရွှေကြည် - ၁၀၀ ဂရမ်
ဆား - ၁ဇွန်းလ္ဘက်ဇွန်း
အုန်းနို့ - အသေးတစ်ဘူး
ထောပတ် - ၂၀၀ ဂရမ်
သစ်ကြားသီး - ၁၀၀ ဂရမ် (သေးသေးစိတ်)
အုန်းသီးခြောက်အမှုန့် - အနည်းငယ်
ဘိန်းစေ့ - အနည်းငယ်
ပြုလုပ်နည်း
******
(၁)ဦးစွာကန်ဇွန်းဥကိုရေဆေးပြီးနူးအောင်ပြုတ်ထားပါ။
(၂)နူးအိပါကအခွံသင်ပြီးကျေအောင်ခြေပါ။ပါဝင်ပစ္စည်းများအားလုံးဘိန်းစေ့နှင့်အုန်းသီးမှအပအကုန်ထည့်ပြီးသမအောင်မွေပေးပါ။
(၃)အိုးတခုတွင်ထည့်ပြီးမီးဖိုပေါ်တင်ကာပျစ်ပြီးလုံးလာသည်ထိမွေပေးပါ။မုန့်ဖုတ်မည့်ဘမ်းကိုထောပတ်သုပ်ပြီးကန်ဇွန်းဥကိုထည့်ကာမျက်နှာပြင်ညီအောင်ညှိပါ။
(၄)အုန်းသီးမှုန့်နှင့်ဘိန်းစေ့ဖြူးပြီးovenအပူချိန် ၂၀၀ဒီဂရီဖြင့် ၃၀မိ နှစ်ခန့်ဖုတ်ပြီးမျက်နှာပြင်အရောင်ရပါကအအေးခံပြီးလိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါပြီ။

1 comment:

  1. လုပ်စားကြည့် good

    ReplyDelete

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...