1 June 2015

ဂျယ်​လီသကြားခဲ


Jelly Candy

(1)Sugar 3cups
     Water 3/4 cup
(2)Gelatine Powder 30gm
     Water 1/2cup.
(3)Food color & Flavouring (သုံးစက် လေးစက်သာ)
(4)Fine Sugar (for coated)

Gelatine powder ကို ရေ 1/2cupနဲ့ ရောပြီး အရင်နှပ်ထားပါ
နံပါတ်(1)က သကြားနဲ့ ရေကို ရော ကျိုပါအဆက်မပျက်မွေပေးပါ ဆူ ပွက်ရန်မလိုပါ သကြားအားလုံးအရေပျော်ပါက နှပ်ထားသော gelatine ထည်းသို့သကြားရည်ကို လောင်းထည့်ပြီး gelatine အားလုံးပျော်သည်ထိမွေပေးပါ ပျော်သွားပါက ကိုယ်လုပ်မည့် အရောင်အရသာ အလိုက်ခွက်လေးများဖြင့် ခွဲလိုက်ပြီး အရောင် နှင့် အနံ့တို့ကိုထည့်ပြီးနှံ့အောင်မွေပေးပါ
ပြီးလျှင်မိမိ ခဲမည့် ပုံစံခွက်တွင်ထည့်ပါ ရေခဲသေတ္တာထည်းတွင် တည ခဲထားပါ ပုံစံခွက်အသေးဖြစ်လျှင် လှီးဖြတ်စရာမလိုပါ ။ ခုလုပ်ထားတာတော့ဘူးထည်းခဲထားတာမို့  ဘူးထည်းမှထုတ်ကာ သကြားဖြူးပြီးကိုင်ပါ ကိုယ်လိုသလို လှီးဖြတ်ပြီး သကြားဖြင့်လူးပါ (very fine sugar) အပြင်တွင်ခြောက်အောင်လေ သလပ်ထားပြီး သုံးဆောင်နိုင်ပါပြီ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...