1 June 2015

Seafood Tomyam Pasta


Cream Sauce နဲ့အီတလီခေါက်ဆွဲချက်နည်းမေးထားသူများ အဖို့မြန်မာအကြိုက်ဖြစ်စေမဲ့ Fusion Style Seafood Tomyam Pasta လေးတင်ပေးလိုက်ပါတယ်။အီတလီခေါက်ဆွဲကိုcream sauce နဲ့ချက်နည်းတွေအများကြီးရှိပါတယ်။နောက်ကြုံ၇င်ထပ်တင်ပေးပါ့မယ်။
ပါဝင်ပစ္စည်း
*******
Pasta (ပြုတ်ပြီးသား) - တစ်ပွဲစာ (၁၅၀ဂရမ်)
သံလွင်ဆီ -တစ်ဇွန်း စားပွဲတင်ဇွန်း (၇ိုး၇ိုးဆီ)
ကြက်သွန်ဖြူ - ဇွန်းတဝက်
တုံယမ်းအနှစ် - တစ်ဇွန်း (စားပွဲတင်ဇွန်း)
ပင်လယ်စာ seafood - ပုဇွန်၊ပြည်ကြီးငါး၊ဂုံး
ရှီတာခီမှို - အနည်းငယ်
Whipping Cream - 6oz (၁၅၀ ml)
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)နှစ်သက်၇ာအီတလီခေါက်ဆွဲကိုပြုတ်ပြီးေ၇အေးစိမ်ကာဆီလူးထားပါ။
(၂)ပင်လယ်စာများကိုလိုသလိုဆေးကျောလှီးဖြတ်ထားပါ။
(၃)မှိုကိုပါးပါးစိတ်ထားပါ။ကြက်သွန်ဖြူနုတ်နုတ်စင်းထားပါ။
(၄)အားလုံးအဆင်သင့်ဖြစ်ပါကချက်မည့်ဒယ်အိုးကိုအပူပေးပြီးသံလွင်ဆီသို့မဟုတ်ဆီထည့်ပါ။ကြက်သွန်ဖြူ၊ပင်လယ်စာ၊မှို၊တုံယမ်းအနှစ်တို့ကိုထည့်ပြီးကြော်ပါ။
(၅)မှိုအနည်းငယ်နွမ်းကာပင်လယ်စာတဝက်ကျက်၇ပါက cream ထည့်ပါ။မီးအနည်းငယ်လျော့ထားပါ။
(၆)ခေါက်ဆွဲကိုရေနွေးတချက်ဖျောကာချက်ထားသောဆော့စ်တွင်ထည့်ပြီးသမအောင်မွေပေးပါ။အ၇သာအပေါ့အငံမြည်းပါ။တုံယမ်းအနှစ်မှာအငံဖြစ်၍ဆားထပ်မထည့်ထားပါ။
(၇)ဆော့စ်များဆူပွက်လာပါကမီးပိတ်ပြီးပန်းကန်တွင်တည်ခင်းကာပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...