3 June 2015

ခေါက်ဆွဲကြော် (Hokkien Mee)



စင်္ကာပူရဲ့ နာမည်ကြီးလူကြိုက်များတဲ့ Hokkien Mee ဆိုတဲ့ခေါက်ဆွဲကြော်လေးပါ။သူ့ရဲ့ထူးခြားချက်ကခေါက်ဆွဲကိုသူ့ကြည့်မကြော်ဘဲမုန့်တီဖတ်မြီးရှည်နဲ့ရောကြော်ထားတာပါ။ပါဝင်ပစ္စည်း
******
ဂျုံခေါက်ဆွဲအလုံး - ၂၀၀ ဂရမ်
မုန့်တီဖတ် မြီးရှည်ဖတ် - ၂၀၀ ဂရမ်
ကြက်ဥ - ၂ လုံး
ပုဇွန် - ဆယ်ကောင်
ငါးအသားလုံး - ၅လုံး
ကြက်သား - အနည်းငယ်
ပဲပင်ပေါက် - လက်တဆုပ်
ကြက်သွန်ဖြု - ၃မြောင်း
ကြက်သွန်မိတ် - နှစ်ပင်
ကြက်သွန်ကြော် - ၃ဇွန်း စားပွဲတင်ဇွန်း
ပဲငံပြာရည် - ၂ဇွန်း
ခရုဆီ - ၂ဇွန်း
ငရုပ်ကောင်းအဖြူ - လ္ဘက်ဇွန်း တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကြက်ပြုတ်ရည် သို့ ငါးပြုတ်ရည် - ပန်းကန်လုံးတစ်လုံး
ဆီ - ၅ဇွန်း
(၁)ကြက်သား၊ပုဇွန်၊ငါးအသားလုံးတို့ကိုလှီးဖြတ်ပြင်ဆင်ထားပါ။
(၂) ကြက်ဥနှစ်လုံးကို ခေါက်ထားပါ။
(၃) ဒယ်အိုးတခုကိုအပူပေးပြီးဆီတဝက်ထည့်ပါ။ကြက်ဥကိုဦးစွာ ထည့်ကြော်ပြီးဘေးဖယ်ထားပါ။
(၄)ကျန်လက်ကျန်ဆီတဝက်ထည့်ပြီးကြက်သွန်ဖြူဆီသပ်ကာအ သား၊ပုဇွန်၊ငါးလုံးတို့ကိုထည့်ကြော်ပါ။
(၅)အသားကျက်ပါကခေါက်ဆွဲနှင့်မုန်ဖတ်ကိုထည့်ပါ။ပဲပင်ပေါက်ထည့်ပါ။
(၆)အရသာဖြည့်စွက်ပြီးသမအောင်မွေပေးပါ။ကြက်ပြုတ်ရည်သို့ငါးပြုတ်ရည်ထည့်ပြီးမွေပါ။
(၇)ကြက်ဥကြော်ကိုပြန်ရောထည့်ပါ။ကြက်သွန်မိတ်၊ငရုပ်ကောင်း၊ကြက်သွန်ကြော်ထည့်ပြီးသမအောင်မွေပြီးအရသာအပေါ့အငံမြည်းကာနှစ်သက်ရာအချဉ်ဖြင့်တွဲဖက်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
မှတ်ချက်။HokkienMeeအစိုကြော်နှင့်အခြောက်ကြော်နှစ်မျိုးရှိပါတယ်။အစိုကြော်လိုပါကငါးပြုတ်ရည်တစ်ပန်လုံးစာပိုထည့်ပြီးကြော်နိုင်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...