Char Kway Teow
Singapore Famous Food ထဲမှာတခုအပါဝင်ဖြစ်တဲ့ Char Kway Teow ဆိုတဲ့မလေးရှား ဆန်ခေါက်ဆွဲ ကြော်လေးပါ။ ပါဝင်ပစ္စည်းအနည်းငယ်နဲ့လုပ်ရလည်းလွယ်ကူပြီး
မြန်မာအကြိုက်အရသာတခုလည်းဖြစ်မယ်လို့ထင်ပါတယ်။ လုပ်နည်းလေးကြည့်ရအောင်နော်
ပါဝင်ပစ္စည်း
******
ဆန်ပြားခေါက်ဆွဲအသေး - တစ်ပွဲစာ
ပုဇွန် - ၅ကောင် သို့ ပင်လယ်စာ သို့ ငါးလုံး
ကြက်ဥ - တစ်လုံး
ပဲပင်ပေါက် - လက်တစ်ဆုပ်
Chive (ကြက်သွန်မိတ်) - ၅ပင်
ငရုပ်သီးအနှစ် - တစ်ဇွန်း စားပွဲတင်ဇွန်း
ဟင်းခတ်မှုန့် - ဇွန်းတစ်ဝက်
ပဲငံပြာရည် အကြည် - တစ်ဇွန်း
ခရုဆီ - တစ်ဇွန်း
ငံပြာရည် - ဇွန်းတဝက်
ပဲငံပြာရည် အနောက် - ဇွန်းတဝက်
ကြက်သွန်နီကြော် - နှစ်ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်း
************ (၁)ဦးစွာကြက်ဥတလုံးခေါက်ထားပါ။အသုံးပြုမည့်ပုဇွန်သို့အသားကိုရေဆေးသန့်စင်ထားပါ။ပဲပင်ပေါက်ရေဆေးပြီးစစ်ထားပါ။ကြက်သွန်ဖြူဓားပြားရိုက်ထားပါ။ငရုပ်သီးအနှစ်မရှိပါကငရုပ်ခြောက်ကိုရေစိမ်ပြီးကြိတ်ရပါမယ်။chiveကိုတစ်လက်မအရှည်ခန့်ဖြတ်ထားပါ
(၂) ပန်းကန်လုံးတခုတွင် ဟင်းခပ်မှုန့်၊ပဲငံပြာရည်၊ အကြည်၊ အနောက်၊ ခရုဆီ၊တို့ကိုထည့်ပြီးရောစပ်ထားပါ။ (၃)အားလုံးအဆင်သင့်ပါကအိုးကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာကြက်ဥထည့်ပြီးမွေကြော်ပေးပါ။
(၄)ပြီးလျှင်ဖယ်ထုတ်ထားပြီးကြက်သွန်ဖြူနှင့်ငရုပ်သီးအနှစ်ဆီသပ်ပါ၊ကြက်သားသို့ပုဇွန်ကိုထည့်ကြော်ပါ။ဆန်ခေါက်ဆွဲ၊ကြက်ဥ၊ပဲပင်ပေါက်နှင့်ရောစပ်ထားသောဆော့တို့ကိုထည့်ပြီးမီးပြင်းဖြင့်ကြော်ပေးပါ။အရသာလိုအပ်ကဖြည့်စွက်ပြီးChineseChivesကိုနောက်ဆုံးမှထည့်ကာသမအောင်မွေပြီးပန်းကန်တွင်တည်ခင်းပြီးကြက်သွန်နီကြော်ဖြူးကာသုံးဆောင် နိုင်ပါပြီရှင် ။
(မလေးရှားသူတပည့်မတယောက်ကပြောတာသူတို့နယ်မှာမီးသွေးမီးနဲ့ကြော်တဲ့ char kway teow ကနာမည်ကြီးလို့ တနာရီ လောက်စောင့်ရတယ်တဲ့။လာသမျှနိုင်ငံခြားသားတွေကမဖြစ်မနေစားကြတဲ့သူတို့ဒေသအစားစာလို့ဆိုပါတယ်။ အဆင်ပြေရင်မီးသွေးမီးပြင်းပြင်းနဲ့ကြော်ကြည့်နော်
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
ရှမ်းပြည်အစားအစာဖြစ်တဲ့ငှက်ပျောဖူးချဉ်လုပ်ကြည့်ဖို့အကြံပေးတဲ့တောင်ကြီးကညီမယွန်းဖူးဖူးကိုကျေးဇူးတင်ပါတယ်။သတ်သတ်လွတ်လည်းဖြစ်ပြီးဆန်နီလေးနဲ့ခ...
No comments:
Post a Comment