5 June 2015

မြီးရှည်

မြီးရှည်လုပ်နည်းကနေရာဒေသနဲ့လူမျိုးအလိုက်ကိုယ့်နည်းကိုယ့်စတိုင်နဲ့လုပ်စားကြပါတယ်။အခုတင်ထားတာကဆိုဖီယာရဲ့လုပ်နည်းပါ။ဘယ်ဒေသအရပ်ကမြီးရှည်ပါလို့မရေးထားတဲ့အတွက်မတူဘူးဆိုရင်လည်းသူငယ်ချင်းတို့မိမိနှစ်သက်ရာပုံစံလုပ်စားနိုင်ပါတယ်နော်။
မြီးရှည်အတွက်လိုအပ်ပစ္စည်းများ
*****************
မြီးရှည် မုန့်တီဖတ် -တပွဲစာ
ကြက်သားပြုတ် သို့ ပေါင်းထား - တစိတ်
ကြက်သွန်ဖြူဆီချက် - တဇွန်း  (ဟင်းစားဇွန်း)
နှမ်း +(ဟွားကျောက်)ဆီချက်- တဇွန်း
ကော်ရည် - ၁ဇွန်း
ပဲငံပြာရည် - ဇွန်းတဝက်
ငရုပ်သီးဆီချက် - လိုသလောက်
မြေပဲထောင်း- တဇွန်း
ခရမ်းချဉ်သီးချက်  - တဇွန်း
ပဲငပိချဉ်စပ်  - တဇွန်း
ကြက်သွန်မိတ် နံနံမိတ် -တဇွန်း
ပဲပင်ပေါက် လိုသလောက်
ရှမ်းချဉ် (မုန်ညင်းချဉ်) လိုသလောက်

ကော်ရည်ကျိုရန်လိုအပ်သောပစ္စည်း
*******************
ရေ - ၁လီတာခွဲ
ကြက်သွန်ဖြူ - ၂ မြောင်း
ဆား - ၁ဇွန်း ( Tbsp)
အချိုမှုန့် သို့ ဟင်းခပ်မှုန့် - ၁ဇွန်း
လိမ္မော်ရောင် အနည်းငယ်  (food color)
ထန်းလျက် - ၃လုံး
ကော်မှုန့် - ၈၀ ဂရမ် ( ထမင်းစားဇွန်း ၈ဇွန်း)
ကော်မှုန့်ဖျော်ရန် ရေ - ၁၀၀ ml ( ၁၀ဇွန်းခန့် )
ကော်ရည်ခေါက်ဆွဲတွင် တပွဲလုံးအရသာကို ကော်ရည် ကယူပါတယ် ။

ကော်ရည်ကျိုနည်း
**********
ဦးစွာ ရေဆူအရင်တည်ပါ ကြက်သွန်ဖြူ ရိုက်ထည့်ပါ ။ ပါဝင်သောအရသာအားလုံးထည့်ပါ ။ ချိုငန်အရသာလေးပါတယ်။အရသာအနေတော်ရ ပါကအရောင် အနည်းငယ်ထည့်ပါ။ မထည့်လည်းရပါတယ်။ပွက်ပွက်ဆူက ကော်မှုန့်နှင့်ရေ ရောဖျော်ထားသည်ကို တဘက်မှ ဖြည်းဖြည်းလောင်းက တဖက်မှ အဆက်မပျက်မွေပေးပါ။ ပြီးလျှင်မီးလျော့ကာပြန်ဆူလာပါက မီးဖိုမှချပြီးအသုံးပြုနိုင်ပါပြီ။
မှတ်ချက်။
ယခုပြုလုပ်သည့်အချိုးသည်ပွဲနှစ်ဆယ်ခန့်ပြင်၍ရသည်။မိမိပြုလုပ်မည့်ပွဲအရေအတွက်ကိုတိုင်းတာကို ချိန်ဆပြုလုပ်ပါရန်။
မြီးရှည်ခေါက်ဆွဲပြင်ဆင်ပုံ
****************
ဦးစွာ မြီးးရှည်ဖတ်ကို ရေနွေးဖျောပါ ။ မြီးရှည်အခြောက်ဖြစ်ပါက ၂နာရီခန့်ကြိုတင်ပြီးရေစိမ်ထားရမည်။ ရေ နွေးဖျောပြီးပါက ပန်းကန်တွင်ထည့်ပါ။ ပြီးလျှင်အပေါ်မှကော်ရည် ၊ကြက်သွန်ဖြူ ဆီချက်၊ နှမ်းဆီချက်၊ ကြက်သား ၊ ခရမ်း ချဉ်သီးချက်၊ငရုပ်သီးဆီချက် ၊ပဲငံပြာရည်၊ မြေပဲ၊ပဲငပိချဉ်စပ်၊ ကြက်သွန်မိတ်နံနံမိတ် တို့ထည့်ပြီး ရှမ်းချဉ်ဖြင့်တွဲဖက်သုံးဆောင် နိုင်ပါပြီ။ နှစ်သက်ပါက ပဲပင်ပေါက်ရေနွေးဖျောကာရော၍သုံးဆောင် နိုင်ပါသည်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...