မနက်ခင်း breakfast လေးတွေတင်ပေးဖို့တောင်းဆိုထားသော သူငယ်ချင်းများအတွက်ပါလုပ်ရလွယ်ကူပြီးအမြင်မတူတမူထူးခြားစွာ ပြင်ဆင်သုံးဆောင်လိုသူများအတွက်စိတ်ဝင်စားဖွယ် မနက်ခင်းစာလေးဖြစ်ပါစေရှင် ။
ပြုလုပ်နည်းအဆင့်ဆင့်
************
ပေါင်မုန့်ကိုအနားများလှီးထုတ်ပြီးလိမ့်တုံးဖြင့်ပြားအောင်လိမ့်ပြီးပုံစံခွက်တွင်ခွက်ပုံစံဖြစ်အောင်ထည့်ပြီး ထောပတ် အနည်းငယ်သုတ်ကာ oven 200'C တွင် 3 မိနစ်ခန့် ထည့်ပါ ။ အနည်းငယ် အရောင်ရသွားလျှင်ထုတ်ယူပြီး အသားပြား Ham နှင့် Cheese ကို အောက်တွင်ခင်းထည့်ပါ အပေါ်မှကြက်ဥတလုံးဖောက်ထည့်ပါ။ အရသာ ဆားနှင့် ငရုပ်ကောင်းအနည်းဖြူးပြီး oven တွင် ၁၅ မိနစ်ခန့် ထည့်ပါ။ ကြက်ဥတဝက်ကျက်အနေ တွင်ထုတ်ယူပြီးParsley အနည်းငယ်ဖြင့် garnish တင်ပြီး သုံးဆောင် နိုင်ပါပြီ ။ ကြက်ဥ ကို အကျက်သုံးဆောင်လိုသူများအတွက် အပေါ်မှ အလူမီနီယံ ဖြင့်ဖုံးအုပ်ပြီး ovenတွင် ၅ မိနစ်ခန့်ပို ထားနိုင်ပါသည်။
No comments:
Post a Comment