17 June 2015

ရှမ်းမုန်ညင်းပေါင်း

ရှမ်းမုန်ညင်းပေါင်းကိုနေရာဒေသအလိုက်လုပ်နည်းလေးတွေမ တူညီဘဲကွဲပြားတတ်ကြပါတယ်ဒီနည်းလေးကတော့ရှမ်းပြည်မြောက် ပိုင်းကပုံစံလေးဘဲဖြစ်ပါတယ်။ရှမ်းပြည်​မှာ​တော့အစာ​ပြေအဖြစ်​လည်းစားကြသလိုမနက်​ခင်းစာအဖြစ်​လည်းစားကြ​လေ့ရှိပါတယ်​။သတ်သတ် လွတ်ဖြစ်ပေမဲ့စားရတာအလွန်ဘဲအရသာရှိလှတဲ့ ရှမ်းမုန်ညင်းပေါင်းလေးကိုလုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
မုန်ညှင်း - ၅၀၀ ဂရမ်
ဆန်မှုန့် - ၁၀၀ ဂရမ်
ဆား - လ္ဘက်ရည်ဇွန်း၁ဇွန်း
ဟင်းခပ်မှုန့် - ၁ဇွန်း
နနွင်း - အနည်းငယ်
ဆီ - ၅၀ ဂရမ်
ခရမိးချဉ်သီး - တလုံး
ဂျင်း - လက်တဆစ်
ရေ  - အနည်းငယ်
ပဒဲကော - ၃ပြား
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)မုန်ညှင်းကို ရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ကာ ပါဝင်ပစ္စည်းအားလုံးထည့်ကာရောနှယ်ပါ။
(၂)ပြီးလျှင်ဆူပွက်နေသောပေါင်းအိုးဖြင့်ပေါင်းပါ။
(၃)မုန့်ညှင်းနူးအိပါလာကပန်းကန်​တွင်​တည်​ခင်းပြီး ကြက်သွန်ဖြူဆီချက်၊ငရုပ်သီးဆီချက်၊တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...