Hrart Shape Egg Roll
ကြက်ဥကြော်ကိုပုံစံတမျိုးပြောင်းပြီးလှလှပပလေးကြော်ကြည့်ရအောင်နော်။ကြက်ဥလိပ်လေးကအမြင်လေးလည်းလှလို့ဧည့်သည်အတွက် တည်ခင်းလို့လည်းရသလိုအိမ်က သားသားမီးမီး တို့လည်းအကြိုက် တွေ့စေမဲ့ကြက်ဥလိပ်လေးဖြစ်ပါတယ်ရှင်။
ပါဝင်ပစ္စည်း
******
ကြက်ဥ - လေးလုံး
မုန်လာဥနီသေးသေးစိတ် - နှစ်ဇွန်း စားပွဲတင်
ငရုပ်ပွ သို့ ကြက်သွန်မိတ် - နှစ်ဇွန်း
ဆား - အနည်းငယ်
ငရုပ်ကောင်းဖြူ - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
နွားနိ့ သို့ ရေ - လေးဇွန်း
ပြုလုပ်နည်း
******
(၁) ကြက်ဥ လေးလုံးကိုကြေအောင် ခေါက်ပြီး နွားနို့၊ မုန်လာ ဥနီ၊ ကြက်သွန်မိတ် သို့ ငရုပ်ပွ ၊ ဆား၊ ငရုပ် ကောင်း၊ ဟင်းခတ်မှုန့် တို့ကို ထည့် ပြီး မွေပေးပါ ။
(၂)အိုးမကပ်သော ဒယ် တွင် ဆီ အ နည်း ငယ်ထည့်ပြီး ကြက်ဥကို ဇွန်းဖြင့်တဇွန်းခပ်ထည့်ပြီး မျက်နှာပြင် ညီအောင်အိုးကိုလှည့်ပေးပါ။ (၃)အောက် ခြေ ဘက်ကျက်လာ လျင် အနားတဖက် မှ အစကိုယူ ၍လိပ်ပေးပါ။
(၄)လိပ်ထားသော ကြက်ဥကို ဒယ်အိုးဘေးတဖက်တွင်ကပ်ပြီး ကြက်ဥအရည်နောက်တဇွန်းခပ်ထည့်ပါ။
(၅)ကျက်လျှင်ပထမလိပ်ထားသော ကြက်ဥလိပ်ဘက်မှ စပြီးပြန် လိပ်လာပါ ။ အထက်ပါအတိုင်းဆက်ပြီး ကြက်ဥ ရည် ကုန် တဲ့ ထိ လိပ်သွားပါ က ပုံပါ အတိုင်း အလိပ် လိုက် ရပါ့မယ်။
(၆)အလိပ် လိုက် အ ရောင် ရ လာ လျှင် အပြင် ထုတ် ပြီး အ အေး ခံက အ ကွင်း လိုက် လှီးပြီးသုံး ဆောင် နိုင်ပါပြီ ။
ပုံတွင်ပြုလုပ်ထားသောကြက်ဥအလိပ်သည်ကြက်ဥရှစ်လုံးစာဖြစ်ပါတယ်။
Heart Shape Egg Roll
အသဲပုံ ကြက်ဥ လိပ်လေးလုပ်ရန်အတွက်ဦးစွာကြက်ဥလိပ်ကို အရင် လုပ်ရပါ့မယ်။ကြက်ဥလိပ်ပြုလုပ်ချိန် တွင်ပါဝင်ပစ္စည်းများမထည့်ခင် ကြက်ဥအရည်ကို၃ဇွန်းစာလောက်ချန်ထားရပါမယ်ရလာတဲ့ကြက်ဥလိပ်ကို အအေးခံထားပြီး အကွင်းလေးများလှီးဖြတ်ပါ ။ ဖြတ်ထားသောကြက်ဥကိုအကွင်းလိုက်အနေ ထားဖြင့် ကန့်လန့်ဖြတ်အနေထားတဇောင်းလှီးဖြတ်ပြီးတဖက်လှန်ကာပူးကပ်လိုက်ပါကအသဲပုံရရှိမှာဖြစ်ပါတယ် ။ ရရှိလာတဲ့အသဲပုံလေးကို ပူးကပ်ကိုင်ပြီး ချန် ထားသောကြက်ဥ ရည်တွင် စိမ်ပြီးအိုးပူတွင် ပြန်ထည့်ပြီးကပ်အောင်ပြုလုပ်ရပါမယ် ။ အခြေဘက်ကပ်သွားပါက အပေါ်ဘက်တချမ်းကိုလည်းထိုနည်းအတိုင်းပြုလုပ်ပေးခြင်းဖြင့်အသဲပုံ ကြက်ဥလိပ်လေးရရှိကာနှစ်သက်ရာဆော့ဖြင့်တည်ခင်းသုံးဆောင် နိုင်ပါပြီ ။
No comments:
Post a Comment