19 June 2015

ထိုင်းစတိုင်ကြက်ပဲသီးဟင်း

 ပါဝင်ပစ္စည်းအနည်းငယ်ဖြင့်ချက်ရလွယ်ကူမြန်ဆန်ပြီးထမင်း
မြိန်စေမဲ့ယိုးဒယားဟင်းတခွက်ဖြစ်ပါတယ်။ကြက်သားအစားမိမိနှစ်သက်ရာအသားဖြင့်ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
******
ပဲတောင့်ရှည် - တစည်း
ကြက်သား သို့ နှစ်သက်ရာအသား - ၁၀၀ ဂရမ်
အနီရောင်ငရုပ်သီးအနှစ် - တစ်ဇွန်း စားပွဲတင်ဇွန်း
(Red Curry Paste)
ရှောက်ခါးရွက် - တစ်ရွက်
ငရုပ်သီး - နှစ်တောင့်
ယိုးဒယားငံပြာရည် - တဇွန်း စားပွဲတင်ဇွန်း
ခရုဆီ - တစ်ဇွန်း
အချိုမှုန့်သကြား - လ္ဘက်ဇွန်း တစ်ဇွန်း
ဆီ - အနည်းငယ်
ကြက်ပြုတ်ရည် သို့ ရေ - အချိုပန်းကန်တစ်လုံး

ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာ မိမိချက်မည့်အသားကိုပါးပါးလှီးပါ။ (၂)ပဲတောင့်ရှည်ကိုရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ထားပါ။ (၃)ပုံပါအတိုင်းအထုံးလေးများပြုလုပ်လိုပါကအပင်လိုက် ရေဆူတွင်တမိနစ်ခန့်ဖျောကာအရောင်မပြောင်းရန်ရေခဲရေ
တွင်စိမ်ပေးကာအထုံးလေးများပြုလုပ်နိုင်ပါတယ်။
(၃)ငရုပ်သီးကိုထပ်ခြမ်းခြမ်းထားပါ။ရှောက်ရွက်ကိုသေးသေးစိတ်ထားပါ။
(၄)အားလုံးပြင်ဆင်ပြီးပါကပန်းကန်တခုတွင်အသား၊ပဲသီး၊အနီရောင်ငရုပ်အနှစ်၊ရှောက်ရွက်၊ငရုပ်သီးခြမ်း၊ ငံပြာရည် ၊ခရုဆီ၊ အချိုမှုန့်သကြား အားလုံးထည့်ပါ။
(၅)ဒယ်အိုးတခုကိုအပူပေးပြီးဆီထည့်ပါ။ (၆)ဆီပူပါကပါဝင်ပစ္စည်းအားလုံးကိုမီးပျင်းပျင်းဖြင့်ချကြော်ပါ။ (၇)အသားအရောင်ပြောင်းသည်ထိကြော်မိပါကကြက်ပြုတ်ရည်ထည့်ကာခဏမွေပေးပါ။ရေအနည်းငယ်ခမ်းလျှင်အရသာအပေါ့အငံမြည်း
ကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...