အမဲချဉ်
ရှမ်းပြည်အလွမ်းပြေလုပ်စားဖြစ်တဲ့အမဲချဉ်လေးဖြစ်ပါတယ်။အမဲချဉ်ကိုဒီတိုင်းလေးဘဲဆီချက်နဲ့အစာပြေအဖြစ်စားနိုင်သလိုဟင်းတခွက်အနေနဲ့လည်းချက်စားနိုင်ပါတယ်။စားဖူးသူတိုင်းနှစ်သက်ကြမယ်ထင်ပါတယ်။ပုဇွန်၊ငါးဖယ်တို့နဲ့လည်းအစားထိုးပြုလုပ်နိုင်ပါတယ်။ စိတ်ဝင်စားသူများဖို့ဆိုဖီယာရဲ့ ပြုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
အမဲသား - တစ်ဆယ်သား
ထမင်းချက်ပြီးသား - တစ်ပန်းကန်လုံး
ဆား - လ္ဘက်ဇွန်း တဝက်
ယမ်းစိမ်း - လ္ဘက်ဇွန်း တစ်ဇွန်း
(ပရဆေးဆိုင်များတွင်ရနိုင်ပါတယ်)
ငှက်ပျောဖက် - ထုပ်ရန်
လေလုံသောဘူးသို့မဟုတ်ပုလင်းကိုလည်းအသုံးပြုနိုင်ပါတယ်။
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)အမဲသားအဆီမပါအသားနုနုကိုနုတ်နုတ်စင်းထားပါ။
(၂) ထမင်းကိုခပ်မာမာချက်ထားပါ။
(၃)စင်းထားသောအသားကိုပန်းကန်တွင်ထည့်ပြီးဆား၊ယမ်းစိမ်းထည့်ကာသမအောင်ခြေပြီးနယ်ပေးပါ။
(၄)ယမ်းစိမ်းအားလုံးပျော်သွားပါကအသင့်ချက်ထားသောထမင်းကိုထည့်ပြီးနယ်ပေးပါ။
(၅)အားလုံးသမအောင်နယ်ပြီးပါကမီးပြပြီးသန့်စင်ထားသောငှက်ပျောဖက်တွင်ထည့်ပြီးလေလုံအောင်ပြုလုပ်ကာသေချာကျစ်နေအောင်စည်းပေးပါ။
(၆)အားလုံးပြုလုပ်ပြီးပါကလေလုံသောဘူးတွင်ထည့်ပြီးပူနွေးသောနေရာတွင်၂ရက်မှ၃ရက်ထိထားပါ။ရာသီဥတုအေးပါကရက်အနည်းငယ်ပိုကြာပါတယ်။
(၇)အမဲချဉ်ချဉ်ပါကဖက်များကိုဖယ်ထုတ်ပြီးလိုသလိုလှီးကာကြက်သွန်ဖြူဆီချက်၊ငရုတ်သီးကြော်၊ကြက်သွန်ဖြူ၊နံနံပင်၊ဂျူးမြစ်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။(ကြက်သွန်ခရမ်းချဉ်သီးတို့ဖြင့်လည်းချက်စားနိုင်ပါတယ်)
Sophia, ယမ်း စိမ်း က English လို ဘာ ခေါ် လဲ
ReplyDelete