5 June 2015

ကွတ်​တယို


Thai Noodle Soup

ပါဝင်ပစ္စည်းနှင့်ပြုလုပ်နည်း (၆ပွဲစာ)
**************
ကြက်ပြုတ်ရည် သို့ ရေ - ၃လီတာ
ကြက်သွန်နီ -တစ်လုံး
ကြက်သွန်ဖြူ - တစ်ဥ
ငရုပ်ကောင်း - လ္ဘက်ဇွန်းတစ်ဇွန်း
နံနံပင်အမြစ် - ဆယ်ပင်
ဆား - တစ်ဇွန်း စားပွဲတင်ဇွန်း
ငံပြာရည် - ၅ဇွန်း
ခရုဆီ - ၂ဇွန်း
ဟင်းခပ်မှုန့် -၃ဇွန်း
ဆန်ကြာဇံ သို့ ဆန်ခေါက်ဆွဲ -တစ်ထုပ်
ကြက်ပြုတ် - လိုသလောက်
ငါးအသားလုံး - တစ်ထုပ်
ပဲပင်ပေါက် - အနည်းငယ်
ကန်ဇွန်းရွက် - တစ်စည်း
မြေပဲထောင်း - အနည်းငယ်
ငရုပ်သီးရှာလကာရည် - တစ်ပန်းကန်
ကြက်သွန်ဖြူကြော် - အနည်းငယ်
ပဲပြား - နှစ်တုံး
(၁)ဦးစွာကြာဇံသို့ဆန်ခေါက်ဆွဲကိုရေစိမ်ထားပြီးဟင်းချိုအတွက်ရေ သို့မဟုတ် ကြက်ပြုတ်ရည်ကိုတည်ပါ။
(၂)ကြက်သွန်နီ၊ကြက်သွန်ဖြူ၊နံနံရိုး၊ငရုပ်ကောင်းတို့ကိုရောပြီးထောင်းပါ။
(၃)ထောင်းပြီးသားကိုဟင်းချိုအိုးထဲထည့်ပြီးဆူပွက်အေင်တည်ပါ။အပေါ်ယံအမြုတ်များခပ်ထုတ်ပေးပါ။
(၄)အရသာဆား၊ငံပြာရည်၊ခရုဆီ၊သကြား၊ဟင်းခပ်မှုန့်တို့ဖြင့်ဖြည့်စွက်ပြီး ငါးအသားလုံးထည့်ကာမီးအေးအေးဖြင့်၅မိနစ်ခန့်တည်ထားပါ။
(၅)ပြုတ်ပြီးသားကြက်သားကိုနွှင်ပြီးလိုသလိုလှီးဖြတ်ထားပါ။
(၆)ပဲပြားကိုသေးသေးတုံးပြီးအရောင်ရအောင်ကြော်ထားပါ။( မထည့်လည်းရ)
(၇)ပဲပင်ပေါက် ၊ ကန်ဇွန်းရွက်ကိုရေဆေးသန့်စင်ထားပါ။
(၈)မြေပဲထောင်းထားပါ။ငရုပ်သီးကိုသေးသေးစိတ်ပြီးရှလကာရည်ဖြင့်စိမ်ထားပါ။
(၉)ကြာဇံနှင့်အရွက်ပြုရန်ရေနွေးအိုးတည်ထားပါ။
(၁၀)အားလုံးအဆင်သင့်ဖြစ်ပါကပွဲပြင်လို့ရပါပြီ။ ပန်းကန်တခုတွင်ကြာဇံကိုရေနွေးဖျောထည့်ပါ။ပဲပင်ပေါက်နှင့်ကန်ဇွန်းရွက်ဖျောထည့်ပါ။ကြက်ပြုတ်ထည့်ပါ။ပြီးလျှင်အပူပေးထားသောဟင်းချိုကိုငါးလုံးနှင့်တွဲပြီးခပ်ထည့်ပါ။ပဲပြားကြော်တင်ပေးပြီးမြေပဲဆန်၊ကြက်သွန်ဖြူကြော်ဖြူးကာငရုပ်သီးအချဉ်ရေဖြင့်တွဲဖက်သုံးဆောင် နိုင် ပါပြီ။
ကွတ်တယိုအသုပ်ပြုလုပ်လိုပါကပါဝင်ပစ္စည်းများရေနွေးဖျောပြီးဇလုံတခုတွင်ထည့်ပါ။ဟင်းခပ်မှုန့်၊သကြား၊ငံပြာရည်၊ကြက်သွန်ဖြူဆီချက်(အရောင်မပါ)၊ငရုပ်ကောင်းမှုန့်အဖြူ၊ထည့်ပြီးသမအောင်မွေပေးပါ။ပန်းကန်တွင်ထည့်ကာမြေပဲမှုန့်ဖြူးပြီးအပူပေးထားသောဟင်းချို၊ငရုပ်သီးချဉ်နှင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...