မုန်လာဥအဖြူနဲ့လုပ်ထားတဲ့ကိတ်လေးပါ။ singapore မှာတော့breakfast အတွက်တည်ခင်းလေ့ရှိပါတယ်။ဒီ turnip cake လေးကို chinese dim sum အနေနဲ့ပေးလို့ရသလို မနက်ခင်းစာကိုကြော်ပြီးလည်းသုံးဆောင်ကြပါတယ်။
Chinese turnip cake တွင်ပါဝင်ပစ္စည်း
*********************************
မုန်လာဥဖြူ - အကြီးတလုံး ၄၀၀ ဂရမ်
ဆန်မှုန့် - ၃၅၀ ဂရမ်
ပြောင်းဖူးမှုန့် - ၁၀၀ ဂရမ်
Wheat Starch - ၆၀ဂရမ်
ရေ - ၁.၂ လီတာ
ဆား - လ္ဘက်ဇွန်း ၁ဇွန်း
သကြား ၂ ဇွန်း စားပွဲတင်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
ဆီ - ၃ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**********
(၁) မုန်လာဥကိုအခွံသင်ပြီးခြစ်ထားပါ။
(၂) ဇလုံတခုတွင် ဆန်မှုန့်ပြောင်းမှုန့်နှင့်Wheat starch တို့ကိုထည့်ပြီး ရေ တလီတာဖြင့်ဖျော်ထားပြီးနာရီဝက်ခန့်ထားပါ။
(၃)ခြစ်ပြီးသားမုန်လာဥကို ရေ ၂၀၀ ml ထည့်ပြီးကျက်အောင်တည်ပါ။
(၄)မုန့ှ်နှစ်ရည်ဇလုံထည်းသို့ပြုတ်ထားသောမုန်လာဥကိုထည့်ပါ။ ဆား၊သကြား၊ငရုပ်ကောင်းတို့ထည့်ပြီးမွေပါ။
(၅)အားလုံသမအောင်မွေပြီးပါကမီးဖိုပေါ်တင်ကာမီးအေးအေးဖြင့်ပျစ်လာအောင်ကျိုပေးပါ။အဆက်မပျက်မွေပေးပါ။
(၆)ကြွက်မြီးတန်းအနေထားတွင်ဆီထည့်ပြီးသမအောင်မွေပြီးမီးဖိုမှချပါ။
(၇) မုန့်မည့်ဘမ်းကိုဆီသုတ်ပြီးမုန့်နှစ်ရည်ကိုလောင်းထည့်ကာ ရေနွေးပေါင်းအိုးဖြင့်တနာရီခန့်ပေါင်းပါ။
(၈)ပြီးလျှင်အချွန်တခုဖြင့်မုန့်သားအလယ်ကိုထိုးကြည့်ပါ။မုန့်နှစ်များမကပ်တော့လျှင်မုန့်သားကျက်ပြီဖြစ်သဖြင့်ထုတ်ယူအအေးခံထားပါ။ တညအအေးခံခြင်းဖြင့်မုန့်သားလှီးရပိုအဆင်ပြေပါတယ်။ရရှိလာသော carrot cake ကိုမိမိနှစ်သက်ရာပုံစံဖြင့်ပြင်ဆင်သုံးဆောင် နိုင်ပါပြီ။
Fried Turnip Cake
**************
ပါဝင်ပစ္စည်း
******
Turnip cake - တပွဲစာ အတုံးလှီးထားပါ။
ပုဇွန်ခြောက်- တစ်ဇွန်း
မုန်လာဥခြောက် - ၂ဇွန်း ရေစိမ် ပြီး၂ခါလောက်ဆေးပါ။
ကြက်သွန်ဖြူ - တဇွန်း
ကြက်ဥ - တလုံး
ကြက်သွန်မိတ် - အနည်းငယ်သေးသေးစိပ်
ပဲပင်ပေါက် - လက်တဆုပ်
ကြက်သွန်နီကြော် - ဖြူးရန်
Seasoning
********
ပဲငံပြာရည် - တဇွန်း
ငံပြာရည် - တဇွန်း
အနောက်ရည် - ၂ဇွန်း
ငရုပ်သီးအနှစ် - ၁ဇွန်း
သကြား - တဇွန်း
ဟင်းခပ်မှုန့် - ဇွန်းတဝက်
အားလုံးသောဟင်းစပ်ပစ္စည်းများကိုပန်းကန်တခုတွင်ရောစပ်ထားပါ။
(၁) ဦးစွာ အိုးမကပ်ဒယ်တခုတွင်ဆီထည့်ပြီး Turnip cake ကိုထည့်ပြီးအပြင်သားအနည်းငယ်အရောင်ရအောင်ကြော်ပေးပါ။
(၂) ပြီးလျှင်ဘေးသို့သာသာကပ်ထားပြီး ဆီအနည်းငယ်ဖြင့်ပုဖွန်ခြောက်၊ကြက်သွန်ဖြူ၊မုန်လာဥခြောက်တို့ကိုဆီသပ်ပါ။
(၃)turnip cake နှင့်ဆီသပ်ထားသည်ကိုမကျေအောင်သာသာ ရောမွေပါ။
(၄)ဖျောစပ်ထားသောဆော့ကိုထည့်ပါ။
(၅)ကြက်ဥတလုံးကိုခေါက်ပြီးလောငိးထည့်ပါ။ချက်ချင်းမမွေဘဲကြက်ဥခဲအောင်ခဏစောင့်ပြီးအထက်အောက်လှန်ပေးပါ။
(၆)ပဲပင်ပေါက်နှင့် ကြက်သွန်မိတ်ထည့်ပြီးသမအောင်မွေပါ ။အရသာအပေါ့အငံမြည်းကာပန်းကန်တွင်တည်းခင်းပြီးကြက်သွန်နီကြော်ဖြူးကာသုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment