5 June 2015

မုန်ညင်းချဉ် အစိမ်းချဉ်



လွယ်ကူတဲ့ရိုးရိုးမုန်ညင်းချဉ်လုပ်နည်းလေးပါ။တော်တော်များများသိပြီး သားဖြစ်ပါလိမ့်မယ်။မကြာမကြာမေးလာတဲ့အိမ်ရှင်မများအတွက် တင် ပေးလိုက်ပါတယ်။ ပါဝင်ပစ္စည်းအနည်းငယ်နဲ့ပြုလုပ်ပြီးဟင်းအဖြစ် တော်တော်များများအသုံးပြုနိုင်ပါတယ် ။ရှမ်းခေါက်ဆွဲနဲ့တွဲဖက် စားနိုင် သလိုသူ့ကြည့်ဘဲလည်းသုပ်စားနိုင်ပါတယ်။ ရှမ်းချဉ်မှထွက်ရှိလာ သောအရည်ဖြင့်ဆန်တိုဖူး၊ခေါက်ရှောက်အသုပ်မျိုးစုံတွင်လည်းတို့လည်းအသုံပြုနိုင်ပါတယ်။နှစ်သက်ရာအသားနှင့်တွဲပြီးကြော်စားနိုင်သလို၊ပိန်းဥဟင်းချို၊အာလူး၊ကြာစွယ်တို့ဖြင့်လည်းတွဲဖက်ကြော်စားနိုင်လို့အိမ်ရှင်မများနစ်သက်လိမ့်မယ်လို့မျော်လင့်ပါတယ်။
ပါဝင်ပစ္စည်း
******
မုန်ညင်းစိမ်း - လိုသလောက်
ဆား - အနည်းငယ်
နနွင်းမှုန့် - အနည်းငယ် (အရောင်လှရန်)
ထမင်းရည် သို့ ဆန်မှုန့်ကျို - ၁ခွက်
ပြင်ဆင်ပြုလုပ်ပုံ
*********
(၁)မုန်ညင်းကိုရေဆေးသန့်စင်ပြီးရေစစ်ထားပါ။
(၂)ပြီးလျှင် စဉ်းတုံးဓားသန့်သန့်ဖြင့်သေးသေးစိတ်ပါ။
(၃) သန့်ရှင်း၍ဆီကင်းသောဇလုံတခုတွင်ထည့်ပြီးဆားအနည်းငယ်နှင့်နနွင်းမှုန့်အနည်းငယ်ထည့်ပြီးဖွဖွနွမ်းရုံနယ်ပေးပါ။(ဆားအရသာပသည်ဆိုရုံသာများလျှင်မြန်မြန်မချဉ်ပါ)
(၄)အအေးခံထားသောထမင်းရည် မရှိကဆန်မှုန့်၂ဇွန်းခန့်ကိုရေအ နည်းငယ်ဖြင့်ဖျော်ပြီးရေဆူ တခွက်တည်၍ခပ်ကျဲကျဲကျိုကာအအေးခံပြီးသုံးပါ။
(၅)ဆားနယ်ထားသောမုန်ညင်းတွင် ထမင်းရည်ထည့်ပြီးသမအောင်နယ်ပါ။
(၆)သန့်စင်ခြောက်သွေ့သောပုလင်းတွင်ထည့်ပြီးအဖုံးလုံအောင်ပိတ်ကာပူနွေးသောနေရာတွင်ထားပါ။ (မီးဖိုနားနီး)
ရာသီဥတုနှင့်အခန်းအပူချိန်ပေါ်မတည်ပြီး၂ရက်မှ၃ရက်တွင်ချဉ်ပြီမို့လိုသလိုအသုံးပြုနိုင်ပါပြီ။ချဉ်ပြီဆိုပါကရေခဲသေတ္တာတွင်သိမ်းဆည်းထားနိုင်ပါသည်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...