အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
3 June 2015
ခေါက်ဆွဲကြော်
ခေါက်ဆွဲကြော်ကြော်နည်းမေးလာတဲ့သူငယ်ချင်းများအတွက်ပါ။
ပါဝင်ပစ္စည်း
******
ဂျုံခေါက်ဆွဲ - အစို သို့ အခြောက်တစ်စည်း (၅ပွဲစာ)
ကြက်သား - တစ်ပန်းကန်
ကြက်အူချောင်း - နှစ်ချောင်း
ကြက်ဥ - လေးလုံး
မုန်လာထုပ် - တစ်စိတ်
မုန်ညင်းစိမ်း သို့ မုန်ညင်းဖြူ - တစ်ပင်
မုန်လာဥနီ - တစ်ဝက်
ဘိုစားပဲ - လက်တစ်ဆုပ်
ပန်းပွင့်စိမ်း - အနည်းငယ် (ထည့်လိုက)
ကြက်သွန်ဖြူ - ၄မြောင်း
ပဲငံပြာရည်အကြည် - လေးဇွန်း စားပွဲတင်ဇွန်း
ခရုဆီ - လေးဇွန်း
ပဲငံပြာရည်အနောက် - တစ်ဇွန်း
နှမ်းဆီမွေး - တစ်ဇွန်း
အချိုမှုန့်သကြား - နှစ်ဇွန်း (ဟင်းခပ်မှုန့်)
ငရုပ်ကောင်း - အနည်းငယ်
ဆီ - လိုသလောက်
(၁)ဂျုံခေါက်ဆွဲအခြောက်ကိုသုံးလိုပါကရေဆူတွင် ၆မိနစ်ခန့်ပြုတ်ပါ။ ခပ်မာမာအနေတွင်ချပြီးရေအေးစိမ်ကာဆယ်ယူရေစစ်ပြီးဆီလူးထား ပါ။
(၂)သီးနှံများအားလုံးကိုရေဆေးပြီးလိုသလိုလှီးဖြတ်ထားပါ။
(၃)ကြော်မည့်ဒယ်အိုးကိုရေခြောက်အောင်ထားပြီးမှဆီထည့်ပါ။ဆီပူလာပါကကြက်ဥကိုမွေကြော်သို့အလုံးလိုက်ကြော်လိုပါကကြော်ပြီးပန်းကန်တခုတွင်ထည့်ထားပါကြက်အူချောင်းကိုလည်းအကွင်းလှီးကြော်ပြီးဘေးဖယ်ထားပါ။ကြက်သွန်ဖြူနှင့်သားကိုလည်းသေးသေးစိတ်ပြီး ထည့်ကြော်ပါ။
(၄)ကြက်သားကျက်ပါကရေဆေးပြီးသားသီးနှံများကိုမီးပြင်းဖြင့်ထည့်ကြော်ပါ။
(၅)ခေါက်ဆွဲချကြော်ပါ။အရသာအားလုံးဖြည့်စွက်ပြီးခေါက်ဆွဲနှင့်သီးနှံများအားလုံးသမအောင်မွေပေးပါ။(ခေါက်ဆွဲအစိုသုံးပြီးကြော်ပါကပဲငံပြာရည်လျော့ထည့်ပါ)
(၆)သီးနှံမှထွက်လာသောအရည်နှင့်ခေါက်ဆွဲကိုခြောက်အောင်ကြော် ပေးပါ။ခေါက်ဆွဲမျှင်မပြတ်ရန် ဂရုစိုက်၍မွေပါ။
(၇)ရေခမ်းမှသာလျှင်လိုအပ်သေးပါကရေအနည်းငယ်ထည့်ပြီးဆက်ကြော်ပေးပါ။ခပ်ထွေးထွေးစားလိုပါကရေအနည်းငယ်ထည့်နိုင်ပါတယ်။
(၈)ဘေးဖယ်ထားသောကြက်ဥ၊ကြက်အူချောင်းတို့ကိုရောမွေပြီးအရသာအပေါ့အငံမြည်းကာနှစ်သက်ရာချီလီဆော့စ်၊ကြက်သွန်ချဉ်၊ဂေါ်ဖီချဉ်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Home made Myanmar Traditional Fish Pickle မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်ေ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment