( Wonton Noodle Soup with Sambal Chilli)
စက်မပါဘဲလက်နဲ့လုပ်ထားတဲ့ Hand Made ကြက်ဥခေါက်ဆွဲ နဲ့ ဖက်ထုပ်လေးဖြစ်ပါတယ်။ခေါက်ဆွဲလုပ်နည်းတင်ပြီးသားပေမဲ့ပြန်ရေးပေးထားပါတယ်။အဓိကစားနေကျနဲ့မတူဘဲတမူထူးခြားတဲ့အရသာပေးနိုင်တဲ့ခေါက်ဆွဲပြုတ်ဘယ်လိုလုပ်တယ်ဆိုတာမျှဝေပေးမှာပါ။ဒီခေါက်ဆွဲပြုတ်လေးကလတ်ဆပ်တဲ့ခေါက်ဆွဲအစိုနဲ့ပိုပြီးအရသာ ရှိပါတယ်။နောက်တခုကငရုပ်သီးငပိချက်နဲ့တူတဲ့ Sambal Chilli နဲ့ တွဲဖက်စားရတာအရမ်းလိုက်ဖက်ပါတယ်။
ခေါက်ဆွဲအတွက်ပါဝင်ပစ္စည်း
****************
ဂျုံမုန့် - ၅၀၀ဂရမ်
ကြက်ဥ - ၅လုံး
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ပါဝင်ပစ္စည်းတို့ကိုဇလုံတခုတွင်ထည့်ပြီးရောနှယ်ပါ။နှယ်ပြီးသားဂျုံလုံးကို၃၀မိနစ်လောက်နှပ်ထားပါ။တော်တော်ကြာကြာနှယ်ရပါတယ်။((၂)နှယ်ထားသောဂျုံနှပ်ပြီဆိုပါကလေးပိုင်းခွဲပြီးတလုံးဆီကိုပြန့်နေအောင်လိမ့်တုံးဖြင့်လိမ့်ပါ။
(၃)အပြားအနေထားအတော်ဖြစ်ပါကဂျုံမှုန့်များများဖြူးပြီးအစွန်းနှစ်ဘက်ကနေအလယ်ကိုလိပ်လာပါ။
(၄)လိပ်ထားသောဂျုံလိပ်ကိုဖိကိုင်ပြီးကိုဓားထက်ထက်ဖြင့်ကိုယ်စိတ်ကြိုက်အပြားလေးများလှီးပေးပါ ။
(၅)ပြီးလျှင်အလိပ်နှစ်လိပ်ကိုအလယ်မှကိုင်၍ခါချလိုက်ရင်ခေါက်ဆွဲအစည်းလိုက်လေးရပါပြီရှင်။ရလာသောခေါက်ဆွဲကိုဘမ်းတခုတွင်ဂျုံများများဖြူးပြီးမကပ်အောင်ထားပါ။
(၆)အားလုံးဖြတ်ပြီးပါကရေဆူတွင်၃မိနစ်ခန့်ပြုတ်ပါ။ပြီးလျှငိဆယ်ယူရေစစ်ပြီးမကပ်စေရန်ဆီအနည်းငယ်သုတ်လိမ်းထားပါ။ရလာသောခေါက်ဆွဲကိုမိမိနှစ်သက်သလိုကြော်စားပြုတ်စားသုပ်စားလို့ရပါပြီရှင်။
မှတ်ချက်
ဖက်ထုပ်အတွက်ဖက်ပြုလုပ်လိုပါကပြန့်နေအောင်ဖြန့်ပြီးကော်မှုန့်ခံကာပြန်၍အထပ်ထပ်ခေါက်ပေးပြီးလိုချင်သောအရွယ်လှီးဖြတ်ရမှာဖြစ်ပါတယ်။
ခေါက်ဆွဲပြုတ်ပြုလုပ်ရန်လိုအပ်သောပစ္စည်း
***********************
ဂျုံခေါက်ဆွဲ - ၆ပွဲ စာ
ဖတ်ထုပ် - ၁၅ခု
( မထည့်လည်းရပါတယ်)
ငါးနီတူးခြောက် - ၁၀၀ ဂရမ်
ကြက်သားစင်းကော - တစ်ပန်းကန်
ပုဇွန် - ၁၅ ကောင်
ရှီတာခီ - အနည်းငယ်
ကြက်သားမှုန့် - လိုသလောက်
ဆား - လိုသလောက်
ကြက်သွန်မိတ် - အနည်းငယ်
တွဲဖက်စားရန် Sambal Chilli
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဆီပူပူတွင်ငါးနီတူးခြောက်တဝက်ကိုကြွပ်အောင်ချကြော်ပြီးဆယ်ယူဆီစစ်ထားပါ။
(၂)ဟင်းရည်ချက်မည့်အိုးတွင်ဆီအနည်းငယ်ထည့်ကာ လက်ကျန်ငါးနီတူးခြောက်ကိုဆီသပ်ပါ။
(၃)မွေးလာပါကလိုအပ်သောရေပမာဏခြောက်ပွဲစာထည့်ပြီမီးအေးအေးဖြင့်ဆူပွက်အောင်တည်ပါ။
(၄)အရသာဖြည့်စွက်ပြီးဟင်းရည်ကျအောင်တည်ထားပါ။
(၅)ဟင်းရည်အဆင်သင့်ဖြစ်ပါကဇကာတခုဖြင့်ပြုတ်ပြီးသားငါးဖတ်များကိုဆယ်ထုတ်ပစ်ပါ။အရသာအပေါ့အငံမြည်းပါ။
(၆)ပြုတ်ပြီးသာခေါက်ဆွဲနှင့်ဖတ်ထုပ်ကိုပန်းကန်တွင်ထည့်ပါ။
(၇)ကြက်သားစင်းကောနှင့်ရှီတာခီမှိုထည့်လိုပါကပဲငံပြာရည်ထည့်ကာဆီသပ်ချက်ထားပါ။
(၈)ပုဇွန်ကိုဟင်းရည်အိုးတွင်ထည့်ပြုတ်ပြီးခေါက်ဆွဲပန်းကန်တွင်ထည့်ပါ။ကြက်သားနှင့်မှိုထည့်ပါ။ဟင်းချိုထည့်ပြီးအပေါ်မှအသင့်ကြော်ထားသောငါးနီတူခြောက်ကြွပ်ကြော်နှင့်ကြက်သွန်မိတ်ဖြူးကာ sambal chilli နှင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment