အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
2 June 2015
ထိုင်းကော်ရည်ခေါက်ဆွဲ
Thai Noodles in Gravy
ခေါက်ဆွဲနှစ်သက်သူများအဖို့ပြုလုပ်ရလွယ်ကူပြီးအ ရသာရှိတဲ့ ထိုင်းကော်ရည်ခေါက်ဆွဲပြုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ဆန်ပြားခေါက်ဆွဲ (ညှပ်ခေါက်ဆွဲ)- တစ်ပွဲစာ အပြားကြီး
ဘဲဥ - တစ်လုံး
အနောက်ရည် - ဇွန်းတဝက် စားပွဲတင်ဇွန်း
ကြက်သား - ၄၀ဂရမ် လက်တစ်ဆုပ်
ကိုက်လန် - ၂ပင်
ကောက်ရိုးမှို - ၅လုံး
ငံပြာရည် - တစ်ဇွန်းစားပွဲတင်ဇွန်း
ခရုဆီ - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
သကြား - ဇွန်းတစ်ဝက်
ကြက်ပြုတ်ရည် - တစ်ပန်းကန်လုံး
င၇ုပ်ကောင်း - အနည်းငယ်
ကြက်သွန်ဖြူကြော် - တစ်ဇွန်း
ကော်မှုန့် -တစ်ဇွန်း
ငရုပ်သီးအချဉ် - တွဲဖက်စားရန်
ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဘဲဥ သို့မဟုတ် ကြက်ဥကိုခေါက်ထားပါ။ကြက်သားကို အတုံး သေးလှီးထားပါ။ကိုက်လန်ကိုလှီးဖြတ်ထားပါ။ကောက်ရိုးမှိုထပ်ခြမ်းစိတ်ထားပါ။အသင့်သုံးဘူးများအစားထိုးနိုင်သည်။ညှပ်ခေါက်ဆွဲကို တစ်လက်မအပြားခန့်လှီးဖြတ်ထားပါ။င၇ုပ်သီးကို ရှာလကာရည် ဖြင့်စိမ်ထားပါ။
(၂)အားလုံးအသင့်ဖြစ်ပါကဒယ်အိုးတွင်ဆီအနည်းငယ်ထည့်ပြီးဘဲဥခေါက်ထားသည်ကိုထည့်ကြော်ပြီးမွေပေးပါ။ကျက်ပါကညှပ်ခေါက်ဆွဲထည့်ပါ။အနောက်၇ည်ထည့်ပြီးမွေကြော်ပါ။
(၃)ဆန်ပြားပျော့ပြီးအရောင်သမပါကဖယ်ထုတ်ပြီးပွဲပြင်မည့်ပန်းကန်တွင်ထည့်ထားပါ။
(၄)ခေါက်ဆွဲဖယ်ထုတ်ပြီးပါက၎င်းအိုးထည်းသို့ ကြက်ပြုတ်ရည် ၊ကြက်သား၊မှိုထည့်ပါ။အရသာဖြည့်စွက်ပါ။ဆူပွက်သည်ထိတည်ပါ။
(၅)ဆူပွက်ပါကကိုက်လန်ထည့်ပါ။ကော်မှုန့်ကိုရေ ၂ဇွန်းဖြင့်ဖျော်ပြီး လောင်းထည့်ကာခပ်မြန်မြန်မွေပေးပါ။
(၆)ဆူပွက်ပါကအရသာအပေါ့အငံမြည်းပြီးအသင့်ပြုလုပ်ပြီးသားခေါက်ဆွဲပေါ်သို့လောင်းထည့်ပါ။အပေါ်မှငရုပ်ကောင်းကြက်သွန်ဖြူကြော်ဖြူးပြီးငရုပ်ချဉ်နှင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
-
Home made Myanmar Traditional Fish Pickle မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်ေ...
No comments:
Post a Comment