2 June 2015

ကြေးအိုးဆီချက်


ကြေးအိုးကိုကလေးလူုကြီးအ၇ွယ်မေ၇ွးနှစ်သက်ကြမှာပါ။အာဟာ၇လည်းဖြစ်သလိုပြုလုပ်၇လွယ်ကူပြီးပေါ့ပေါ့ပါးပါးနဲ့ညစာအဖြစ်လည်းသုံးဆောင် နိုင်ပါတယ်။ကြေးအိုးဆီချက်ပြုလုပ်၇န်ကြေးအိုးကို အ၇င်ချက်၇ပါမယ်။
ကြေးအိုးပြုလုပ်၇န်ပါဝင်ပစ္စည်း
*****************
ကြက်၇ိုးပြုတ်၇ည်- တစ်အိုး
ကြက်သား - တစ်စိတ်
ဆန်ကြာဇံ သို့ ဆန်ပြားခေါက်ဆွဲ
မုန်ညင်းဖြူ သို့ မုန်ညင်းစိမ်း
ေ၇ွှပဲသီး
မုန်လာဥနီ
ငုံးဥ
ငါးဖယ်လုံး
ဆား
ဟင်းခပ်မှုန့်
သကြား
ကြက်သွန်ဖြူဆီချက်
င၇ုပ်ကောင်း
တွဲဖက်စား၇န်ဆော့စ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ကြေးအိုးပြုလုပ်၇န်အတွက်ဦးစွာပထမကြက်ရိုးပြုတ်ေ၇ကောင်းကောင်းလိုအပ်ပါတယ်။ကြက်၇ိုးပြုတ်ေ၇ပြုလုပ်၇န်ကြက်ရိုးကိုေ၇ဆေးသန့်စင်ထားပါ။အိုးတခုတွင်ေ၇ဆူတည်ပြီးဆူပွက်ပါကကြက်၇ိုးကိုထည့်ပြီး၂မိနစ်ခန့်တည်ပြီးအထက်အောက်မွေပေးကာအ၇ိုးများကိုဆယ်ထုတ်ယူပါ။နောက်အိုးတခုတွင်ေ၇နွေးဖျောထားသောကြက်၇ိုးများထည့်ကာလိုအပ်သောေ၇ပမာဏထည့်ပါ။ဂျင်းအနည်းငယ်ထုထည့်ပါ။မုန်လာဥအဖြူရှိလျှင်ထည့်ပြီးဆူပွက်အောင်တည်ပါ။ဆူပွက်ပါကမီးကိုအသေးဆုံးထိလျော့ချပြီးမီးအေးအေးဖြင့်၃နာ၇ီခန့်တည်ပေးပါ။အပေါ်ယံတက်လာသောအညစ်အကြေးများကိုခပ်ထုတ်ပေးပါ။မီးပြင်းဖြင့်ဆူပွက်အောင်မတည်၇ပါကြက်ပြုတ်၇ည်များဖြူဖွေးပြီးနောက်သွားတတ်ပါတယ်။
(၂)ကြက်၇ိုးပြုတ်၇ည်အစားကြက်သားတုံးများကိုအသုံးပြု၍လည်းကြက်၇ိုးပြုတ်၇ည်အဖြစ်သုံးနိုင်ပါတယ်။
(၃)ကြက်ပြုတ်၇ည်တည်ထားစဉ်ကြေးအိုးပြုလုပ်၇န်လိုအပ်သောပါဝင်ပစ္စည်းများကိုပြင်ဆင်ထားပါ။
(၄)ကြာဇံကိုတနာ၇ီခန့်ေ၇စိမ်ထားပါ။မုန်ညင်း၊ေ၇ွှပဲ၊မုန်လာဥ၊ငါးဖယ်လုံးတို့ကိုလှီးဖြတ်ထားပါ။ငုံးဥပြုတ်ထားပါ။ကြက်သားကိုသေးသေးလှီးဖြတ်ထားပါ။ကြက်သွန်ဖြူဆီချက်ချက်ထားပါ။
(၅)အားလုံးအဆင်သင့်ဖြစ်ပါကစားခါနည်းမှသာကြေးအိုးချက်ပါမယ်။ကြေးအိုးချက်၇န်အိုးသေးသေးတခုတွင်ကြက်၇ိုးပြုတ်၇ည်တစ်ပွဲစာထည့်ပါ။ကြက်သားနှင့်ကြာဇံထည့်ပြီးဆူပွက်အောင်တည်ပါ။ဆား၊သကြားနှင့်ဟင်းခပ်မှုန့်ထည့်ပါ။ကြာဇံနူးပါကမုန်ညင်း၊မုန်လာဥေ၇ွှပဲ၊ငါးဖယ်လုံးငုံးဥပြုတ်တို့ကိုထည့်ပါ။ဆန်ပြားခေါက်ဆွဲဖြင့်စားလိုပါက ဆန်ပြားကိုနောက်ဆုံးချခါနည်းမှထည့်ပါ။
(၆)သီးနှံကျက်ပါကဇကာတခုတွင်ခံပြီးဟင်း၇ည်များကိုစစ်ချပါ။ေ၇စစ်ပါကပန်းကန်လုံးတခုတွင်ထည့်ပြီးကြက်သွန်ဖြူဆီချက်၊င၇ုပ်ကောင်းဟင်းခပ်မှုန့်သကြားတို့ကိုထည့်ပြီးသမအောင်မွေပေးကာအရသာအပေါ့အငံမြည်းပြီးတည်ခင်းမည့်ပန်းကန်သို့ပြောင်းထည့်ကာဟင်းချို နှင့် ဆော့စ်တို့ ဖြင့်တွဲဖက်ပြီးသုံးဆောင်နိုင်ပါပြီ။

2 comments:

  1. ကြိုးစားမှုရဲ့ ရလဒ် အောင်မြင်မှုရဲ့ အသီးပွင့်
    ဂုဏ်ယူပါတယ်
    အဆင်အမြဲအားပေးနေပါ့မယ်

    ReplyDelete

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...