1 June 2015

ပုဇွန်ခေါက်ဆွဲ


Singapore Prawn Noodle

ခေါက်ဆွဲနှစ်သက်သူများဖို့စင်္ကာပူစတိုင်ပုဇွန်ခေါက်ဆွဲချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။ပုဇွန်နဲ့ဟင်းချိုကောင်းကောင်းချက်ထားတာမို့စားရတာတမူထူးခြားတဲ့အရသာလေးပါ။စင်္ကာပူ Famous foodထည်းကတ မျိုးဖြစ်ပါတယ်။ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း (၁၀ပွဲစာ )
*******
ပုဇွန်ခေါင်း - တစ်ကီလို
ကြက်သွန်နီ - ဥသေး ဆယ်လုံး
ကြက်သွန်ဖြူ - တစ်ဥ
င၇ုပ်ကောင်းစေ့ - နှစ်ဇွန်း စားပွဲဇွန်း
ပုဇွန်ခြောက် - နှစ်ဇွန်း
အေ၇ာင်တင်မှုန့် - တစ်ဇွန်း
ေ၇ - လေးလီတာ
ဆား - နှစ်ဇွန်း
သကြား -နှစ်ဇွန်း
ပဲငံပြာရည် အကြည် - ၅ဇွန်း
ပဲငံပြာရည် အနောက် - ၂ဇွန်း
ဆီ - အနည်းငယ်
တွဲဖက်စားရန်
********
ဂျုံခေါက်ဆွဲ - တစ်ကီလို
ငါးလုံး (fish cake) - တစ်ထုပ်
ပဲပင်ပေါက် - ၂၀၀ ဂရမ်
ကန်ဇွန်းရွက် - တစ်စည်း
ပုဇွန် - လိုသလောက် (ပြုတ်ပြီးသား)
ငရုပ်သီးအနီပွတောင့်  - ၅တောင့်
ပဲငံပြာရည် အနောက် - ၅ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာပုဇွန်ခေါင်းများကိုရေဆေးသန့်စင်ထားပါ။သီးသန့်ဝယ်မရ၇င်အိမ်မှာဟင်းချက်သော်ဖယ်ထုတ်ထားသောပုဇွန်ခေါင်းများစုထားနိုင်သည်။)
(၂)ကြက်သွန်နီခပ်ကြမ်းကြမ်းစိတ်ထားပါ။ကြက်သွန်ဖြူအမွှာချွေထားပါ။ငရုပ်ကောင်းကိုလုံးခြမ်းကွဲထုထားပါ။
(၃)အားလုံးအသင့်ဖြစ်ပါကချက်မည့်အိုးတွင်ဆီထည့်ပြီးကြက်သွန်နီ၊ကြက်သွန်ဖြူ၊င၇ုပ်ကောင်း၊ပုဇွန်ခြောက်တို့ကိုထည့်ပြီးဆီသပ်ပါ။
(၄)မွေးလာပါကအေ၇ာင်တင်မှုန့်ထည့်ပါ။ပုဇွန်ခေါင်းထည့်ပါ။အရောင်ပြောင်းသည်ထိကြော်ပေးပြီရေလေးလီတာထည့်ကာဆားနှင့်သကြားထည့်ပြီးတစ်နာရီခန့်မီးအေးအေးဖြင့်ဆူပွက်အောင်တည်ထားပါ။
(၅)ဟင်းရည်ကျလာပါကဇကာဖြင့်စစ်ထုတ်ပြီးအပေါ်မှအမြုတ်များခပ်ထုတ်ကာပြန်လည်ဆူပွက်အောင်တည်ပေးပါ။ပဲငံပြာရည်အကြည်၊အနောက်ကိုထည့်ပြီးအရသာအပေါ့အငံမြည်းကာခေါက်ဆွဲဖြင့်ပွဲပြင်ရန်အသင့်ဖြစ်ပါပြီ။
(၆)အိုးတခုဖြင့်ခေါက်ဆွဲဖျောရန်ရေနွေးတည်ထားပါ။ငရုပ်သီးနီကိုအကွင်းလှီးပြီးပဲငံပြာရည်အနောက်ဖြင့်စိမ်ထားပါ။
(၇)ဇကာဖြင့်ခေါက်ဆွဲ၊ကန်ဇွန်း၇ွက်၊ပဲပင်ပေါက်တို့ကိုရေနွေးဖျောပြီးပွဲပြင်မည့်ပန်းကန်တွင်ထည့်ပါ။ပုဇွန်၊ငါးလုံးတို့ကိုထည့်ပြီးဟင်းချိုပူပူလောင်းထည့်ကာငရုပ်သီးဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
မှတ်ချက် ။ ။
မည်သူမဆို Shareကိုနှိပ်လျက်ခွင့်မတောင်းဘဲလွတ်လပ်စွာ မျှဝေ နိုင်ပါတယ်။ သာမန်လုပ်ရိုးလုပ်စဉ်Share ခြင်းမှအပ မိမိ Page များ အတွက်အသုံးပြုရန်ကူးချခြင်းများပြုလုပ်လို လျှင်ကြိုတင်ခွင့် တောင်းပါရန်အသိပေးအပ်ပါတယ်ရှင်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...