1 June 2015

ပင်​လယ်​စာ အီတလီ​ခေါက်​ဆွဲ

Marinara
အီတလီခေါက်ဆွဲလုပ်နည်းမေးထားတဲ့သူငယ်ချင်းများအတွက်လုပ်ရလွယ်ပြီးလူကြိုက်များတဲ့ Seafood Pasta (Marinara) လုပ်နည်းတင်ပေးလိုက်ပါတယ်။အီတလီခေါက်ဆွဲ Pasta အမျိုးပေါင်းများစွာရှိပါတယ်။Spaghetti ကတော့လူသိအများဆုံးဖြစ်မှာပါ။တခြားလူသိများတဲ့pasta နာမည်တချို့ကတော့ Linguine, fusilli ,Panne စသဖြင့်ခေါက်ဆွဲပုံစံပေါ်မူတည်ပြီးအခေါ်နာမည်ပြောင်းသွားတာပါ။ဆော့ချက်နည်းပုံစံပေါ်မူတည်ပြီးလည်းအမည်အမျိုးမျိုးကွဲပြားပါတယ်။ခုချက်ထားတာတော့ ခရမ်းချဉ်သီးဆောစ်နဲ့ချက်ထားတဲ့ Seafood Pastaဘဲဖြစ်ပါတယ်။အမျိုးအစားအများကြီးရှိတဲ့အတွက်အီတလီခေါက်ဆွဲမေးလာတိုင်းဘယ်ချက်နည်းတင်ပေးရမှန်းမသိဖြစ်နေလို့ခုအရင်ဆုံးMarinaraလုပ်နည်းတင်ပေးလိုက်ပါတယ်။နောက်မှတမျိုးဆီခွဲပြီးတင်ပေးသွားပါ့မယ်နော်။pastaချက်ရာတွင်အခြေခံဆော့စ်တမျိုးဖြစ်တဲ့ခရမ်းချဉ်သီးဆော့စ်ချက်နည်းအရင်ပြောပြပါ့မယ်။
ခရမ်းချဉ်သီးဆော့စ်ချက်ရန်
**************
ခရမ်းချဉ်သီး  - တစ်ကီလို
ခရမ်းချဉ်သီးအနှစ် - တစ်ဇွန်းစားပွဲတင်ဇွန်း ( Tomata Paste)
ကြက်သွန်နီ - တစ်လုံး
ကရဝေးရွက် - နှစ်ရွက်
သစ်ဂျပိုးခေါက် - တစ်ချောင်း
ဆား - လိုသလောက်
Oregano - တစ်ဇွန်း
သံလွင်ဆီ - ၃ဇွန်း
(၁)ခရမ်းချဉ်သီးကိုဓားဖြင့်အရာပေးပြီးရေဆူဆူတွင်၁၀စက္ကန့်ခန့်ပြုတ်ပြီးရေခဲရေတွင်စိမ်ပြီးအခွံခွာအစေ့ထုတ်ပြီးအသားကိုသေးသေးစိတ်ထားပါ။
(၂)ကြက်သွန်နီ သေးသေးစိတ်ထားပါ။
(၃)ချက်မည့်အိုးတွင်သံလွင်ဆီထည့်ပြီးကြက်သွန်၊ကရဝေးနှင့်သစ်ဂျပိုးခေါက်ဆီသပ်ပါ။(white wine ရှိလျှင်သုံးပါ)
(၄)ကြက်သွန်နွမ်းလျှင် tomato paste ထည့်ပါ။ (အရောင်အတွက်သုံးခြင်းပါ)
(၅)သေးသေးစိတ်ထားသောခရမ်းချဉ်သီးထည့်ပြီးဆားလိုသလောက်ထည့်ကာနူးလာသည်ထိကြေအောင်ချက်ပေးပါ။နူးအိကြေလာပါကမိမိနှစ်သက်ရာအပျစ်အကျဲအနေထားပြုလုပ်ပြီးoreganoထည့်ကာpasta ချက်ရန်အသင့်နေထားရပါပြီ။
မှတ်ချက်။ချက်ထားသောခရမ်းချဉ်သီးအနှစ်ကိုအခြေခံပြီးကျန်Pastaအမျိုးပေါင်းများစွာချက်စားနိုင်ပါတယ်။supermarket များတွင်လည်းready makeများအလွယ်တကူဝယ်ယူ ရရှိနိုင် ပါတယ်။
Pasta ချက်ရန်အတွက်နှစ်သက် ရာPasta ကိုပြုတ်ပြီးဆီလူး ထားပါ။pasta အမျိုးစားပေါ်မူတည်ပြီးပြုတ်သောအချိန်ကွာခြား မှုရှိပါတယ်။
Pasta ကြော်ရန်လိုအပ်သောပစ္စည်း
*******************
နှစ်သက်ရာPasta - ၂၀၀ ဂရမ် (ပြုတ်ပြီးသား)
unsalted butter ထောပတ် - ဇွန်းတဝက် စားပွဲတင်ဇွန်း
ကြက်သွန်ဖြူနုတ်နုတ်စင်း - ဇွန်းတဝက်
ငရုပ်ကောင်း - အနည်းငယ်
Oregano  - အနည်းငယ်
ပုဇွန် - ၃ကောင်
ပြည်ကြီးငါး - လေးကွင်း
ဂုံး - လေးကောင် ( မစားလျှင်မထည့်ပါနှင့်)
ခရမ်းချဉ်သီးဆော့စ် - ၁၅၀ ဂရမ်
(၁)ဒယ်အိုးကိုအပူပေးပြီးButter ၊ကြက်သွန်ဖြူ၊ငရုပ်ကောင်း၊ oregano နှင့် seafood တို့ကိုထည့်ပြီးကြော်ပါ။
(၂) Seafood ကျက်ပါကခရမ်းချဉ်သီးဆော့စ်ထည့်ပါ။
(၃)ပြုတ်ပြီးသားpasta ကိုရေနွေးဖျောထည့်ပါ။
(၄)ဆော့စ်နှင့်pastaတို့ကိုသမအောင်မွေပြီးပန်းကန်တွင်တည်ခင်းကာ ချိစ် ၊ ငရုပ်သီးမှုန့်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...