အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
29 May 2015
Laksa
Spicy Noodle Soup
Laksa ချက်နည်းဒေသအလိုက်အမျိုးကွဲပုံစံကွဲလေးတွေရှိ ပါတယ်။ခုချက်ထားတာစင်္ကာပူစတိုင် Laksa ချက်နည်းလေးပါ။ငါးပြုတ်၇ည်၊ပုဇွန်ပြုတ်၇ည်တို့နဲ့ချက်လေ့ရှိပါတယ်။ငါးဖြင့်ချက်နည်းလေးကတော့မြန်မာမုန့်ဟင်းခါးအ၇သာနဲ့ဆင်ဆင်တူပါတယ်။အ၇သာအပြောင်းအလဲအသစ်အဆန်းအနေနဲ့ချက်စားကြည့်၇အောင်မျှဝေပေးလိုက်ပါတယ်။
ဟင်းချိုချက်၇န် ပါဝင်ပစ္စည်း
***************
ငါးကွင်းရှပ် သို့ ငါးခူ - တစ်ကီလို
ကြက်သွန်နီ - အကြီးဆယ်လုံး( အသေး၂၀)
ကြက်သွန်ဖြူ - ဆယ်မြောင်း
စပါးလင် - ၅ချောင်း
ဂျင်း - ၅၀ ဂ၇မ်
ပဒဲကော - ၅၀ ဂ၇မ်
င၇ုပ်သီး အနီအပွတောင့်ရှည် - ၁၀ တောင့်
ငါးပိ - ၂၀ ဂရမ်
နနွင်းတက် - လက်နှစ်ဆစ်
Candle nut သို့ သီဟိုဠ်စေ့ - ဆယ်စေ့
မိဿလင်ဖူး (Torch ginger bulb) တစ်ချောင်း
(မရှိလျှင်မထည့်လည်း၇ပါတယ်)
Laksa Leave (ဖက်ဖယ်၇ွက်)- တစ်စည်း
ဆား - ၃ဇွန်း စားပွဲတင်ဇွန်း
သကြား - ၆ဇွန်း
ဟင်းခပ်မှုန့် -၃ဇွန်း
ေ၇ နှင့်ငါးပြုတ်ရည် - ၈လီတာ
အုန်းနို့ - ၅၀၀ ml
Fish ball & Fish Cake - လိုသလောက်
ပဲပြားကြော် - တစ်ထုပ် (Tou Poh)
ဆီ - ၁၅၀ ml
တွဲဖက်စား၇န် ****
မုန်တီဖတ် နန်းလတ် (Laksa Mee) - ၂ကီလို
ပဲပင်ပေါက် - တစ်ထုပ်
ဖက်ဖယ်၇ွက်အနည်းငယ်
ကြက်ဥ /ပုဇွန် နှစ်သက်၇ာ
Sambal Chilli Sauce
သံပုရာသီး
ပြင်ဆင်ချက်ပြုတ်နည်း
*************
(၁)ငါးကိုေ၇ဆေးသန့်စင်ပြီးေ၇မြုတ်၇ုံထည့်ပြီးပြုတ်ပါ။ ငါးအသားနူးပါကဆယ်ယူပြီးအ၇ိုးများထွင်ထုတ်ထားပါ။ပြုတ်ရည်ကိုချန်ထားပါ။
(၂)ကြက်သွန်နီ၊ဖြူ၊ဂျင်း၊နနွင်း၊စပါးလင်၊ပဒဲကော၊င၇ုပ်ပွတောင့်၊ငါးပိ၊candlenut၊တို့ကိုေ၇အနည်းငယ်ထည့်ပြီးကြိတ်ပါ။
(၃)ကြေညက်ပါကငါးအသားများကိုပါထည့်ကြိတ်ပေးပါ။ငါးအသား တအားညက်၇န်မလို။
(၃)ချက်မည်အိုးတွင်ဆီထည့်ပြီးကြိတ်ထားသည်များနှင့်စပါးလင်တချောင်းမိဿလင်ဖူးတို့ကိုခြမ်းပြီး ဆီသပ်ပါ။
(၄)ငါးပြုတ်၇ည်ထည့်ပါ။ေ၇ထည့်ပါ။အုန်းနို့ထည့်ပါ။အ၇သာဖြည့်စွက်ပြီးဆူပွက်သည်ထိတည်ပေးပါ။
(၅)ဆူပွက်ပါကပဲပြား၊ငါးလုံး၊ငါးပြားတို့ကိုထည့်ပါ။ laksa leave ဖက်ဖယ်၇ွက်ကိုအပင်လိုက်ထုံးထည့်ပြီးအ၇သာအပေါ့အငံမြည်းကာသုံးဆောင်၇န်အသင့်ဖြင့်အပူပေးထားပါ။
(၆)ဟင်းချိုအသင့်ဖြစ်ပါကမုန်တီဖက်နှင့်ပဲပင်ပေါက်ကိုေ၇နွေးဖျောပြီးဟင်းချိုပူပူ၊ငါးလုံး၊ပဲပြား၊ပုဇွန်တို့ဖြင့်တည်ခင်းပါ။အပေါ်မှဖက်ဖယ်၇ွက်ကိုပါးပါးလှီးထည့်ပါ။ Sambal chilli sauce ဖြင့်တွဲဖက် သုံးဆောင်နိုင်ပါပြီ။
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
ရှမ်းပြည်အစားအစာဖြစ်တဲ့ငှက်ပျောဖူးချဉ်လုပ်ကြည့်ဖို့အကြံပေးတဲ့တောင်ကြီးကညီမယွန်းဖူးဖူးကိုကျေးဇူးတင်ပါတယ်။သတ်သတ်လွတ်လည်းဖြစ်ပြီးဆန်နီလေးနဲ့ခ...
No comments:
Post a Comment