ယိုးဒယားကြက်ဥအစာသွပ်ကိုဆိုင်ကြီးအတော်များများမှာရောင်းလေ့ရှိပါတယ်။ပြုလုပ်ရလွယ်ကူပြီးအိမ်ရှင်မများထမင်းဝိုင်းမှာလှလှ ပပတည်ခင်းနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ကြက်ဥ - နှစ်လုံး
ငံပြာရည် - ဇွန်းတဝက် စားပွဲဇွန်း
ကြက်သား - ၅၀ ဂရမ် လက်တစ်ဆုပ်
ကြက်သွန်ဖြူ - ဇွန်းတဝက်
ပဲငံပြာရည် အကြည် - တစ်ဇွန်း
ခရုဆီ- တစ်ဇွန်း
ကြက်သွန်နီ - သေးသေးစိတ် ၂ဇွန်း
မုန်လာဥနီ - သေးသေးစိတ် ၂ဇွန်း
ရွှေပဲ - ၃တောင့် နုတ်နုတ်စိတ်
ငရုပ်ကောင်း - အနည်းငယ်
နှမ်းဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာပန်ကန်တလုံးတွင်ကြက်ဥနှစ်လုံးကိုငံပြာရည်ထည့်ပြီးကျေအောင်ခေါက်ထားပါ။
(၂)အစာသွပ်ရန်အတွက်ကြက်သားကိုနုတ်နုတ်စိတ်ပြီးကျန်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးသမအောင်မွေထားပါ။
(၃)အိုးကိုအပူပေးပြီးဆီအနည်းငယ်ထည့်ပါ။ဆီပူလာပါကအိုးထဲမှဆီများကိုအကုန်သွန်ထုတ်ပြီးမီးလျော့ပြီးကြက်ဥကိုလောင်းထည့်ကာအိုးအနှံ့ပြန့်နေအောင်ဖြည်းဖြည်းချင်းလှည့်ပေးပါ။
(၄)မျက်နှာပြင်အနှံ့ညီသွားပါကကြက်ဥကျက်အောင်စောင့်ပြီးဘေးဖက်မှအနားလေးများကွာလာပါကအချပ်လိုက်ကိုပန်းကန်တခုတွင်လျောထည့်ထားပါ။အိုးမကပ်ဒယ်သုံးနိုင်ပါတယ်။
(၅)ပြီးလျှင်အိုးထဲသို့ဆီအနည်းငယ်ထည့်ပြီးကြက်သားနှပ်ထားသည်ကိုထည့်ကြော်ပေးပါ။လိုအပ်ပါကရေအနည်းငယ်ကြက်သားကျက်ရုံထည့်ပြီးမီးဖိုမှချပါ။
(၆)ကြော်ပြီးသားကြက်ဥအချပ်ကိုပန်းကန်တွင်ပြန့်အောင်ခင်းပြီးအလယ်တွင် ကြော်ထားသောကြက်သားအစာကိုထည့်ပါ။
(၇)ဘေးလေးဖက်ကိုလေးထောင့်ကျကျပုံစံခေါက်ပေးကာအပေါ်မှတည်ခင်းမည့်ပန်းကန်ကိုကြက်ဥအစာသွပ်ပေါ်သို့မှောက်ပြီးပန်ကန်ကိုစောက်ထိုးလှန်ပေးကာတည်ခင်းမည့်ပန်းကန်တွင်ပြောင်းထည့်ပါ။
(၈)ကြက်ဥအစာသွပ်၏အလယ်ကိုဓားဖြင့်အရာပေးပြီးနံနံပင်ဖြင့်အလှဆင်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
ရှမ်းပြည်အစားအစာဖြစ်တဲ့ငှက်ပျောဖူးချဉ်လုပ်ကြည့်ဖို့အကြံပေးတဲ့တောင်ကြီးကညီမယွန်းဖူးဖူးကိုကျေးဇူးတင်ပါတယ်။သတ်သတ်လွတ်လည်းဖြစ်ပြီးဆန်နီလေးနဲ့ခ...
No comments:
Post a Comment