29 May 2015

ပုဇွန်အုန်းနို့နာနတ်သီးချက်

 Curry Prawn With Pineapple

လိုအပ်သောပစ္စည်း
**********
ပုဇွန် - ဆယ်ကောင်
အုန်းနို့ - တခွက်
အနီရောင်ဟင်းချက်အနှစ် - တစ်ဇွန်း စားပွဲတင်ဇွန်း
ပုဇွန်ငံပြာရည် - တစ်ဇွန်း
သကြား - တစ်ဇွန်း လ္ဘက်ဇွန်း
နာနတ်သီး - နှစ်ကွင်း
ချယ်ရီခရမ်းချဉ်သီး - ရှစ်လုံး
နံနံပင် - အလှတင်ရန်
ငရုပ်သီးနီ နှစ်တောင့် - အလှဆင်ရန်
သံပုရာသီး - တခြမ်း

ပြင်ဆင်ချက်ပြုတ်ပုံ
**********
(၁)ဦးစွာပုဇွန်ကိုရေဆေးသန့်စင်ကာအခွံခွာကျောခွဲအမြီးချန်ထားပါ။ (၂)နာနတ်သီးကိုလိုသလိုအတုံးသေးတုံးထားပါ။ (၃)အိုးတခုတွင်ဆီအနည်းးငယ်ထည့်ပြီးမီးသေးသေးဖြင့်ဟင်းချက်အနှစ်ကိုဆီသပ်ပါ။
(၄) ပြီးလျှင်အုန်းနို့ထည့်ပြီးငံပြာရည်၊သကြားတို့ထည့်ပါ။
(၅)အုန်းနို့အနည်းငယ်ခမ်းပြီးဆီပြန်လာပါကခရမ်းချဉ်သီးနှင့်
နာနတ်သီးတို့ကိုချပါ။
(၆)ခရမ်းချဉ်သီးအနည်းငယ်နွမ်းလာပါကပုဇွန်ထည့်ပြီးမွေပေးပါ။
(၇)ပုဇွန်ကျက်ပါကပန်းကန်တွင်ငရုပ်သီး၊နံနံပင်တို့ဖြင့်အလှဆင်ကာသံပုရာသီးတခြမ်းဖြင့်တွဲဖက်ပေးပြီးအရသာချိုချဉ်ဖြင့်မွေးရနံ့သင်းပျံ့သောပုဇွန်ဟင်းတည်ခင်းသုံးဆောင်နိုင်ပါပြီ။
(သုံးဆောင်မည့်အချိန်မှသာသံပုရာသီးဆမ်းပါ။)

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...