အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
29 May 2015
ရွှေကြည်ဟာလဝါ
Suji Halwa
Semolina Pudding
ပါဝင်ပစ္စည်းအနည်းငယ်နဲ့ပြုလုပ်ရလွယ်ကူတဲ့အိန္ဒိယအချိုပွဲလေးပါ။အိမ်ကသားသားမီးမီးတို့အတွက်သန့်ရှင်းလပ်ဆပ်တဲ့မုန့်လေးတွေလုပ်ပေးနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ေ၇ွှကြည် - ဆန်ချိန်ခွက် ၂ခွက်
သကြား - တစ်ခွက်ခွဲ
ရေ - ၅ခွက်
ထောပတ် - ၅ဇွန်း
ဖာလာစေ့ -၃ စေ့
ကရဝေး၇ွက် -၂ရွက်
အေ၇ာင်အဝါ - အနည်းငယ်
စပျစ်ခြောက် သီဟိုဠ်စေ့ တွဲဖက်စားရန်
ပြင်ဆင်ပြူလုပ်နည်း
***********
(၁)အိုးထဲတွင်ထောပတ်ထည့်ပြီးရွှေကြည်ထည့်လှော်ပါ။ဖာလာစေ့၊ကရဝေးရွက်ထည့်ပါ။
(၂)မွေးလာပါကရေထည့်၊သကြားထည့်၊အေ၇ာင်အနည်းငယ်ထည့်ပြီးတည်ပါ။
(၃)အိုးမကပ်စေရန်အဆက်မပျက်မွေပေးပါ။ရွှေကြည်များလုံးပြီးအဆန်ပျောက်ပါကမီးဖိုမှချကာ ပုံစံခွက်တွင်ထည့်ပြီးမျက်နှာပြင်ညီအောင်ထောပတ်လူးပြီးညှ်ိပေးကာအပူဖြစ်စေ၊အအေးဖြစ်စေ၊နှစ်သက်၇ာသစ်သီးခြောက်ဖြင့်လှပစွာပြင်ဆင်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
ရှမ်းပြည်အစားအစာဖြစ်တဲ့ငှက်ပျောဖူးချဉ်လုပ်ကြည့်ဖို့အကြံပေးတဲ့တောင်ကြီးကညီမယွန်းဖူးဖူးကိုကျေးဇူးတင်ပါတယ်။သတ်သတ်လွတ်လည်းဖြစ်ပြီးဆန်နီလေးနဲ့ခ...
No comments:
Post a Comment