အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
29 May 2015
မြေပဲ ပဲနို့
Peanut Milk
အာဟာရပြည်ဝတဲ့ပဲနို့အလွယ်တကူဝယ်မရတဲ့နေရာတွေမှာသန့်ရှင်းလပ်ဆပ်တဲ့ပဲနို့ကိုအိမ်မှာကျိုပြီးကလေးလူကြီးအ၇ွယ်မရွေးသုံးဆောင်နိုင်ဖို့လွယ်ကူတဲ့ပဲနို့ကျိုနည်းလေးမျှဝေပေးလိုက်ပါတယ်။ပဲနို့ကိုပဲပိစပ်နဲ့ကျိုတာများသလိုမြေပဲနဲ့ကျိုတဲ့ပဲနို့လည်းရှိပါတယ်။ခုကျိုထားတဲ့ပဲနို့ကတော့မြေပဲကိုအသုံးပြုထားပါတယ်။မြေပဲပဲနို့ကပိုပြီးပျစ်ခဲတဲ့အတွက်မနှစ်သက်ပါကရေပိုထည့်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
*******
မြေပဲစိမ်း - ၃၀၀ ဂရမ်
ရေ -၂လီတာ မှ ၂လီတာခွဲ
သကြား - လိုသလောက်
ပြုလုပ်နည်း
*******
(၁)မြေပဲကိုရေဆေးသန့်စင်ပြီး လေးနာ၇ီခန့်ေ၇စိမ် ထားပါ။ပွလာပါကပွတ်တိုက်ပြီးအခွံများကြွပ်အောင်ပြုလုပ်ပါ။အခွံချွတ်ပြီးသားဖြင့်လည်းပြုလုပ်နိုင်ပါတယ်။
(၂)ပွလာပါကေ၇စစ်ပြီးကြိတ်စက်ဖြင့်ညက်အောင်ကြိတ် ပါ။ေ၇နှစ်လီတာချိန်ထားပြီးလိုသလောက်သာထည့်ကြိတ်ပါ။ကြိတ်စက်အမျိုးစားပေါ်မူတည်ပြီးေ၇ထည့်ဖို့လိုပါတယ်။
(၃)အားလုံးကြိတ်ပြီးပါကအဝတ်ပါးတခုဖြင့်ပဲဖတ်များကိုစစ်ထုတ်ပါ။
(၄)စစ်ပြီးသားပဲနှစ်ရည်ကိုအိုးသန့်သန့်တွင်ထည့်ပြီးမီးဖိုတွင်မီးပုံမှန်ဖြင့်ဆူပွက်သည်ထိကျိုပေးပါ။အိုးမကပ်စေ၇န်အဆက်မပျက်မွေပေးပါ။
(၅)ဆူပွက်ပါကမီးကိုလျော့ချပြီး၅မိနစ်ခန့်ပဲစိမ်းနံ့ပျောက်အောင်တည်ပေးပါ။
(၆)ပဲစိမ်းနံ့ပျောက်ပါကမီးပိတ်အအေးခံကာမိမိနှစ်သက်၇ာအနေထားဖြင့်သကြားထည့်ဖျော်ကာအပူဖြစ်စေ၊အအေးဖြစ်စေလိုသလိုသုံးဆောင်နိုင်ပါပြီ။
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
ရှမ်းပြည်အစားအစာဖြစ်တဲ့ငှက်ပျောဖူးချဉ်လုပ်ကြည့်ဖို့အကြံပေးတဲ့တောင်ကြီးကညီမယွန်းဖူးဖူးကိုကျေးဇူးတင်ပါတယ်။သတ်သတ်လွတ်လည်းဖြစ်ပြီးဆန်နီလေးနဲ့ခ...
No comments:
Post a Comment