Banana Fritters ကိုထိုင်းအချိုပွဲအနေနဲ့ပျားရည်နဲ့ တွဲဖက်တည်ခင်းလေ့ရှိပါတယ်။ငှက်ပျောသီးကြော်ကိုထူးဆန်းတဲ့မုန့်လေးတော့မဟုတ်ပေမဲ့မုန့်နှစ်ကောင်းကောင်းနဲ့အရသာရှိရှိကိုယ်တိုင်လုပ်စားနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ငှက်ပျောသီး - ၁၂လုံး
အုန်းသီးမှုန့် - ၁၅၀ ဂရမ်
နှမ်း - ၃ဇွန်း
ဆန်မှုန့် - ၉၀ ဂ၇မ်
ဂျုံမှုန့် - ၁၂၀ ဂရမ်
(အပို၅ဇွန်းခန့်ငှက်ပျောသီးကိုလူးရန်)
ဆား - လ္ဘက်ဇွန်း တစ်ဝက်
သကြား - ၃ဇွန်း စားပွဲဇွန်း
ဆီ - ၃ဇွန်း
ဆိုဒါ - လ္ဘက်ဇွန်း တစ်ဝက်
ရေ - လိုသလောက်
ဆီ -ကြော်ရန်
တွဲဖက်ပေးရန် -ပျားရည်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာငှက်ပျောသီးကိုအခွံနွာပြီးလိုသလိုလှီးဖြတ်ထားပါ။ဂျုံမှုန့်ဖြူးထားပါ။၅ဇွန်းခန့်ပန်းကန်တွင်ထည့်ပြီးတခုဆီလူးထားပါ။
(၂)ပန်းကန်လုံးတခုတွင်မုန့်နှစ်ေ၇တွင်ပါဝင်ပစ္စည်းများထည့်ပြီးဖျော်ထားပါ။ရေကိုဖြေးဖြေးဆီထည့်ပြီးမပျစ်မကျဲဖျော်ပါ။
(၃)အားလုံးအသင့်ဖြစ်ပါကအိုးတွင်ဆီထည့်ပြီးအပူပေးကာငှက်ပျောသီးတခုဆီကိုမုန့်နှစ်ရည်တွင်နှစ်ပြီးအေ၇ာင်ရသည်ထိကြော်ပါ။
(၄)ေ၇ွှရောင်ရပါကဆယ်ယူဆီစစ်ပြီးအုန်းသီးနဲ့နှမ်းနံ့သင်းသင်းငှက်ပျောကြော်ကိုပျားရည်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။

No comments:
Post a Comment