30 May 2015

ရခိုင်​မုန့်​တီ

ရခိုင်​မုန့်​တီကိုအရမ်းကြိုက်​ပါတယ်​။ကိုယ်​တိုင်​​တော့တခါမှ မချက်​ဖူးဘဲ​မေးလာတဲ့သူငယ်​ချင်းမိတ်​​ဆွေ​တွေအတွက်​လုပ်ေ​ဖာ်​ကိုင်​ဖက်​ရခိုင်​သူငယ်​ချင်းနှစ်​​ယောက်​အကူအညီနဲ့ချက်​ဖြစ်​ခဲ့တဲ့ချက်​နည်း​လေးကိုမျှ​ဝေ​ပေးလိုက်​ပါတယ်​။ချက်​နည်း​လေး​တွေ​ပြောပြ​ပေးတဲ့စစ်​​တွေကကိုစံလင်း(ရခိုင်ငါးပိလက်​​ဆောင်​​ပေးသူ)၊မသီတာချိုတို့ကို​ကျေးဇူးအထူးတင်​ပါတယ်​။ဒေသအလိုက်​ချက်​နည်း​လေး​တွေကွဲကြတယ်​လို့ဆိုပါတယ်​။ ချက်ကြည့်​ရ​အောင်​​နော်​။
ဟင်းချိုချက်​ရန်​ပါဝင်​ပစ္စည်း
***************
ငါးေ၇ွှ - တစ်​ကီလို
မျှင်​ငါးပိ - ၂ဇွန်း စားပွဲဇွန်း
ကြက်​သွန်​ဖြူ - တစ်​ဥ ကြီးကြီး
ငရုပ်​​ကောင်း -၂ဇွန်း
ပဒဲ​ကော - လက်​တစ်​ဆစ်
ဆား - ၂ဇွန်း
ဟင်းခပ်​မှုန့်​ - ၃ဇွန်း
ရေ - ၄လီတာ
တွဲဖက်​စားရန်
*******
မုန့်​တီဖက်
ငရုပ်​သီး​ထောင်း
ငါးဖယ်​​ကြော်
ပဲ​ကြော်
နံနံပင်
ပြင်​ဆင်​ပြုလုပ်​နည်း
***********
(၁)ဦးစွာငါးကို​ရေ​ဆေးသန့်​စင်​ပြီးေ၇တစ်​လီတာထည့်​ပြီးပွက်​​အောင်​တည်​ပါ။
(၂)ငါးကျက်​ပါကဆယ်​ယူုပြီးအသားများကိုမွ​ချွေပြီးတဝက်​ကိုငါးပြုတ်ေ၇အိုးထည်းပြန်​ထည့်​ပါ။
(၃)ငါးပိကိုေ၇အနည်းငယ်​ဖြင့်ဖျော်​ပြီးမီးဖို​ပေါ်တွင်​ဆူပွက်​​အောင်​တပွက်​ဆူတည်​ပြီးဇကာဖြင့်​စစ်​ထားပါ။
(၄)​စစ်​ထား​သောငါးပိ​ရေ တဝက်​ ၊ကြက်​သွန်​ဖြူ​ထောင်း၊ငရုပ်​​ကောင်း၊ပဒဲ​ကော​ထောင်းထားသည်​တို့ကိုငါးပြုတ်​ရည်​အိုးထည်းထည့်​ပါ။ရေ၃လီတာထပ်​ထည့်​ပြီးဆားဟင်းခပ်​မှုန့်​ထည့်​ပြီးဆူပွက်​​အောင်​တည်​ပါ။အရသာအ​ပေါ့အငံမြည်းကာ မီးပိတ်​ထားပါ။
(၅)တဝက်​ချန်​ထား​သောငါးကိုအ​ရေညစ်​ပြီးဒယ်​အိုးထဲထည့်​ကာ​ခြောက်​​နေ​အောင်​​လှော်​ထားပါ။ရခိုင်​သုပ်​အတွက်​ဖယ်​ထားပါ။
(၆)ငရုပ်​သီးကိုေ၇အနည်းငယ်​ဖြင့်​ပြုတ်​ပြီးကြိတ်​ပါ။ချန်​ထား​သောငါးပိ၇ည်​နှင့်​လှော်​ထား​သောငါးမှုန့်​တစ်​ဇွန်းထည့်​ပြီး​မွေထားပါ။
(၇)အာပူလျှာပူချက်​လိုပါကချက်​ထား​သောဟင်းရည်​အိုးထဲ သို့ငရုပ်​သီးပြုတ်​​ထောင်းကိုထည့်​ချက်​ပါ။
(၈)အားလုံးအသင့်​ဖြစ်​ပါကပန်းကန်​တွင်​မုန့်​ဖက်​၊ပဲ​ကြော်​၊ငါးဖယ်​​ကြော်​၊နံနံပင်​နှင့်​ငရုပ်​သီး​ထောင်းထည့်​ကာဟင်းရည်​ပူပူ​လောင်းပြီးတည်​ခင်းသုံး​ဆောင်​နိုင်​ပါပြီ။
ရခိုင်​သုပ်​ပြုလုပ်​နည်း
************
မုန့်​ဖတ်​ -တစ်​ပွဲစာ
ငါး​လှော်​မှုန့်​ -တစ်​ဇွန်း စားပွဲဇွန်း
ကြက်​သွန်​ - အနည်းငယ်​ နှစ်​သက်​ကထည့်​ပါ။
မန်​ကျည်းမှည့်​ရည်​ - တစ်​ဇွန်း စားပွဲဇွန်း
ငဂုပ်​သီး​ထောင်း - လိုသ​လောက်
ဆား -အနည်းငယ်
ဟင်းခပ်​မှုန့်​ - အနည်းငယ်
နံနံပင်
ငါးဖယ်​​ကြော်
ပါဝင်​ပစ္စည်းများအားလုံးကိုပန်းကန်​တွင်​ထည့်​နယ်​ပြီးဟင်းချို ပူပူဖြင့်​တွဲဖက်​သုံး​ဆောင်​နိုင်​ပါပြီ။

2 comments:

  1. Welcome to blog world Sophia!!!
    ဆိုဖီယာချက်တာလေးတွေ သဘောကျလို့ ဖဘမှာ အမြဲစောင့်ဖတ်ပါတယ်။
    ခုလိုဘလော့လေးနဲ့ ဆိုတော့ ပိုဖတ်ဖြစ်မှာပါ။
    ဖဘက အဖွဲ့ တခုမှာ ပရော်ဖက်ရှင်နယ်သမားတွေ ကိုကန့် သတ်တင်ပါဆိုကတည်း က ကိုယ်က ဆိုဖီယာကို ဒီလိုဘလော့လေးနဲ့ စိတ်တိုင်းကျ တင်
    ကိုယ်တို့ လည်းစိတ်တိုင်းကျသပ်သပ်ယပ်ယပ် လှလှပပလေး ဖတ်ချင်နေတာ။
    အမြဲအားပေးနေမယ်။
    လင့်လေးလည်း ယူသွားမယ်နော်။
    ကိုယ့်ဘလော့မိတ်ဆွေတွေလည်း တွေ့ သွားအောင်လို့ နော်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဆောရီး ဆိုဖီယာ။
      ကိုယ်လင့်ယူတော့မှ Sofia လို့ ပေါင်းတာသတိထားမိသွားတယ်။
      အိုင်အိုရာ

      Delete

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...