Peanut Milk Chocolate Ice cream
ရေခဲမုန့်လုပ်တဲ့စက်မလိုဘဲလုပ်ထားတဲ့ရေခဲမုန့်လေးဖြစ်ပါတယ်။ရေခဲမုန့်ကိုမကြိုက်တဲ့သူကတော့ရှားမယ်ထင်ပါတယ်။ကလေးလူကြီးအသည်းစွဲပေါ့။အပြင်မှာတခါတလေအရည်သွေးမကောင်းတဲ့ဆေးသကြားဆိုးဆေးတွေနဲ့လုပ်ထားတဲ့ရေခဲမုန့်တွေကြောင့်ကိုယ်ကလေးတွေရင်ကြပ်ချောင်းချိုးကြတာတွေလည်းကြုံဖူးကြမယ်ထင်ပါတယ်။ရေခဲမုန့်လုပ်တဲ့စက်သေးသေးလေးတွေရှိပေမဲ့ ဆိုဖီယာအနေနဲ့ ကတော့အမြဲ စားတာမဟုတ်ဘဲဝယ်ထားဖို့ကြမဝယ်ချင်ဘူးပေါ့နော်။ ခုလိုစက်ဝယ်စရာမလိုဘဲရေခဲသေတ္တာတလုံးရှိရုံနဲ့သန့်ရှင်းလပ်ဆပ်ပြီးဆေးသကြားနဲ့ဆေးရောင်ကင်းတဲ့သဘာဝသစ်သီးအရသာများနဲ့ရေခဲမုန့်လေးတွေကိုအိမ်မှာလုပ်စားနိုင်တော့မှာဖြစ်လို့သူငယ်ချင်းတို့ကိုလည်းလုပ်နည်းလေးဝေမျှပေးလိုက်ပါတယ်နော်။သားသားမီးမီးတို့ကိုကိုယ်တိုင်လုပ်ကျွေးကြရအောင်နော်။
ပါဝင်ပစ္စည်း
******
မြေပဲပဲနို့ - တစ်လီတာ
သကြား - ၆၅ ဂရမ်
ချောကလတ်မှုန့် - ၂၀၀ ဂရမ်
Pistacho သို့ နှစ်သက်ရာ သစ်သီးခြောက် - ၅၀ ဂရမ်
အနံ့နှစ်သက်လျှင်ထည့်ပါ။
ပြုလုပ်နည်း
******
(၁) ပဲနို့ကိုအိုးတခုတွင်ထည့်ပြီးမီးအနေတော်ဖြင့်ကျိုပါ။
(၂)ပြီးလျှင်သကြားနှင့်ချောကလတ်ထည့်ပြီးမွေပေးပါ။သကြားပျော်ပါကမီးပိတ်ထားပေးပါ။
(၃)မိမိထည့်လိုသည့် အနှံ့ အမွေးအကြိုင်ထည့်ပါ။
(၄)သစ်သီးစေ့ထည့်လိုကရေနွေးဖျောပြီးထည့်ပါ။သမအောင်မွေပေးပါ။
(၅)ပြီးလျှင်အအေးခံမည့်မွေရလွယ်သောစတီးခွက်ကျယ်ကျယ်တခုတွင်လောင်းထည့်ကာရေခဲသေတ္တာအခဲခန်းတွင်ထည့်ထားပါ။
(၆)နို့ခွက်ကိုမိနစ်၃၀ခန့်တခါထုတ်ယူပြီးရေခဲမုန့်ခဲလာထိမွေပေးပါ။
(၇)လုံးဝနည်းပါးခဲလာလျှင်မိမိသိမ်းဆည်းလိုသောဘူးတွင်ပြောင်းထည့်ပြီးအဖုံးပိတ်သိမ်းဆည်းထားကာလိုသလိုထုတ်ယူသုံးဆောင်နိုင်ပါပြီ။(ရေခဲမှုန့်သားအနည်းငယ်ကြမ်းနေပါက ကြိတ်စက်တွင်ထည့်ကြိတ်ပေးပြီးပြန်ခဲထားပါ။)

No comments:
Post a Comment