Aloo Samusa
အိန္ဒိယအစားအစာတမျိုးဖြစ်တဲ့ဆမူစာကိုနေရာဒေသတိုင်းလိုလိုမှာအလွယ်တကူဝယ်စားနိုင်ပါတယ်။ဆမူစာပလပ်လုပ်နည်းတင်ပေးရင်းဆမူစာပြုလုပ်နည်းပါမျှဝေပေးလိုက်ပါတယ်။အာလူးဆမူစာကိုအစိမ်းအကျက်ပုံစံနျစ်မျိုးနဲု့ပြုလုပ်နိုင်ပါတယ်။အာလူးပြုတ်ပြီးသားနဲ့ပြုလုပ်ပါကရေခဲသေတ္တာအခဲခန်းတွင်သိမ်းဆည်းထားနိုင်ပြီးစားလိုသောအချိန်မှသာကြော်စားနိုင်ပါတယ်။အစိမ်းနဲ့ပြုလုပ်နည်းမှာ လ္ဘက်ရည်ဆိုင်များတွင်အသုံးပြုသောနည်းဖြစ်ပါတယ်။မိမိနှစ်သက်ရာနည်းဖြင့်ပြုလုပ်နိုင်ပြီးအာလူးဆ မူစာအစားအခြားအသားငါးတို့ဖြင့်လည်းပြုလုပ်နိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
********
ဆမူစာဖက်ရွက် - ၁၅ရွက်
အာလူး - ၅လုံး အကြီး
ကြက်သွန်နီ - ၃လုံး
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း
အရောင်တင် - နှစ်ဇွန်း စားပွဲဇွန်း
မဆလာ - တစ်ဇွန်း
ဆား - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ပူစီနံ/နံနံပင် - လက်တစ်ဆုပ်
ဆမူစာဖက်ရွက်ကြော် - လက်နှစ်ဆုပ် (optional)
ဂျုံ - နှစ်ဇွန်း/ရေနှစ်ဇွန်း
ဆီ -ကြော်ရန်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဆမူစာထုပ်ရန်ဦးစွာဂျုံနှစ်ဇွန်းကိုရေအနည်းငယ်ထည့်ပြီးပျစ်ပျစ်ဖျော်ထားပါ။ကော်အဖြစ်သုံးရန်။
2.အာလူးအစိမ်းဖြင့်ပြုလုပ်ရန်အတွက်အာလူးကိုရေဆေးအခွံသင်ပြီးသေးသေးစိတ်ထားပါ။(ဆိုင်တွေကတော့မခွာဘဲစိတ်ပါတယ်)ကြက်သွန်နီကိုလည်းသေးသေးစိတ်ထားပါ။
3.ဇလုံတခုတွင်ကြက်သွန်အာလူးဂျင်းကြက်သွန်ဖြူ
အရောင်တင်မဆလာဆားဟင်းခပ်မှုန့်ထည့်ပြီးသမအောင်မွေထားပါ။နံနံပင်သို့မဟုတ်ပူစီနံသေးသေးစိတ်ထည့်ပါ။
❀ဆမူစာပလပ်ပြုလုပ်စဉ်ဘေးသားများလှီးထွက်လာသည်တို့ကိုကြော်ပြီးကြိတ်ခြေထားသည်ကိုထည့်ပြီးသမအောင်မွေပေးပါ။အလေအလွင့်မရှိအောင်ပြန်အသုံးပြုခြင်းသာဖြစ်ပါတယ်။
4.အားလုံးအသင့်ဖြစ်ပါကဆမူစာဖက်ရွက်ကိုသုံးချိုးတချိုးမှစခေါက်ပြီးကတော့ပုံစံပြုလုပ်ကာအာလူးအစာထည့်ပေးပါ။
5.ပြီးလျှင်ပိုနေသောဖက်ကိုကျစ်နေအောင်ဖိဆွဲပေးပြီးအစွန်းဖက်ကိုဖျော်ထားသောကော်အပျစ်ဖြင့်ကပ်ပေးပါ။အားလုံးထုပ်ပြီးပါကဆီပူတွင်အရောင်ရ
သည်ထိကြော်ပေးပြီးဆယ်ယူဆီစစ်ကာနှစ်သက်ရာမန်ကျည်းချဉ်ငရုပ်ချဉ်တို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀အာလူးအကျက်ဖြင့်ပြုလုပ်လိုပါကအာလူးကိုပြုတ်ခြေပေးပြီးကြက်သွန်ကိုလည်းဆီသပ်ပြီးမှကျန်ပါဝင်ပစ္စည်းများအားလုံးထည့်ကာသမအောင်မွေပြီးအသုံးပြုနိုင်ပါသည်။
.........
Sofia(05.11.2016)
http://sofiafoodparadise.blogspot.com
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Dry Raddish Pickle ရှမ်းပြည်မှာတော့မုန်လာဥချဉ်မုန်ညင်းချဉ်တို့ကိုအများအားဖြင့်ဆောင်းရာသီမှာပြုလုပ်ပြီးတနှစ်စာပြုလုပ်လေ့ရှိပါတယ်။ဆောင်းရာ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
လင့်လေးလာယူသွားတယ်ညီမရေ
ReplyDelete