အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
18 May 2016
ငါးထမင်းနယ်
Traditional Fish Rice
ရှမ်းအစားအစာများကိုရှမ်းပြည်တောင်ပိုင်းမြောက်ပိုင်းဒေသအလိုက်လုပ်နည်းလေးတွေကွဲကြပါတယ်။ဆိုဖီယာကတော့မြောက်ပိုင်းသူပါ။ဒါကြောင့်တောင်ပိုင်းကစားလေ့စားထရှိတဲ့အစားအစာများကိုလေ့လာသင်ယူဖို့ဒီတလတောင်ပိုင်းနေရာအတော်များများကိုသွားဖြစ်ခဲ့ပါတယ်။တောင်ပိုင်းခရီးစဉ်တလျောက်အစစအကူညီပေးခဲ့ကြသောညီမလေးယွန်းဖူးဖူးနှင့်တကွရှမ်းအစားအစာများဒေသစာသိလိုသည်များကိုစိတ်ရှည်စွာရှင်းပြချက်ပြပြောပြပေးကြတဲ့နောင်မွန်လွိုင်ကော်မှဆွေမျိုးများဖြစ်ကြသောမမကြီးနှင့်ညီအစ်မများတူမလေးများအားလုံးကိုဒီပို့စ်လေးကနေကျေးဇူးတင်ကြောင်းပြောပါရစေရှင် ...
ငါးထမင်းနယ်ကိုသားရေစာအဖြစ်စားကြသလိုထမင်းအဖြစ်လည်းသုံးဆောင်နိုင်ပါတယ်။ပြုလုပ်ရလွယ်ကူပြီးအရသာထူးတဲ့ရိုးရာအစားစာလေးဖြစ်ပါတယ်။လုပ်စားကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း
********
ရှမ်းဆန် (ယာဆန်) - နို့ဆီဘူး ၄ဘူး
ဆား - ၁ဇွန်း စားပွဲဇွန်း
ငါးရံ့ - တစ်ကီလို
နနွင်း - အနည်းငယ်
ခရမ်းချဉ်သီး - ၄၀၀ ဂရမ်
ကြက်သွန်ဖြူနနွင်းဆီချက် - တစ်ပန်းကန်
တွဲဖက်စားရန်
**********
ကြက်သွန်ဖြူဆီချက်
ငရုပ်သီးခြောက်ကြော်
ကြက်သွန်ဖြူ သေးသေး
ဂျူးမြစ်
နံနံပင်
သားရေပွကြော်/နှမ်းထူမုန့်ကြွပ်/ ဆန်လုံးစီ
ဆန်လှော်ဟင်းခါး
ပြင်ဆင်ပြုလုပ်ပုံ
*************
(၁)ဦးစွာပထမထမင်းကိုဆားထည့်ပြီးအရင်ချက်ရပါ့မယ်။ရှမ်းဆန်ယာဆန်ကတော့အကောင်းဆုံးပါ။မရှိလျှင်ဆူရှီဆန်ကိုအစားထိုးနိုင်ပါတယ်။ဆန်ဆေးပြီးလိုအပ်သောရေပမာဏထည့်ပါ။ပေါင်းအိုးမှအညွှန်းတိုင်းထည့်နိုင်ပါတယ်။ထမင်းကျက်ပါကအဖုံးလပ်ထားပြီးအအေးခံထားပါ။
(၂)ငါးရံ့ကိုနနွင်းထည့်ပြီးသီးသန့်ပြုတ်ပြီးအရိုးထွင်ထားပါ။ခရမ်းချဉ်သီးကိုပြုတ်ပြီးအခွံသင်ကာကြေအောင်ချေပြီးအနည်းငယ်ခြောက်အောင်ပြန်ချက်ထားပါ။
ကြက်သွန်ဖြူနနွင်းဆီချက်ချက်ထားပါ၊
(၃)အားလုံးအသင့်ဖြစ်ပါကဘမ်းသို့မဟုတ်အိုးကြီးကြီးတခုတွင်ထမင်းငါးခရမ်းချဉ်သီးအနှစ်များများနှင့်နနွင်းဆီချက်တို့ကိုထည့်ပြီးစေးပြီးသမအောင်နယ်ပေးပါ။
(၄)အရသာအပေါ့အငံမြည်းပြီးလိုအပ်ပါက ဆားအနည်းငယ်ဖြည့်စွက်ပါ။
(၅)စီးထွေးလာပါကမိမိနှစ်သက်ရာအရွယ်လုံးပြီးအနည်းငယ်ပြန်ပြားပေးပါ။
(၆)အားလုံးပြုလုပ်ပြီးစီးပါကပုံတွင်ပြထားသည့်အတိုင်းကြက်သွန်ဖြူဆီချက်ဂျူးမြစ်ကြက်သွန်ဖြူနံနံပင်၊နှမ်းထူမုန့်ကြွပ်ငါးပြုတ်ဟင်းချိုတို့ဖြင့်တွဲဖက်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
...............
Sofia
http://sofiafoodparadise.blogspot.com
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihmjgKeKziYFWJBOUUCBMNzrBGpkdVGWsOdY1Q4m74C5N5CwBKrZzrUgRcH4y92k4flGIi0YFw4X6L0oHdk_3GQcUoYrA-E_chxX_V7-icv4nXM4X1bHgmN9OeD3460qKmBsNgmFUd5FUC/s400/20161116_160813_mh1479284208999_wm.jpg)
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Home made Myanmar Traditional Fish Pickle မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်ေ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment