8 July 2015

ငှက်ပျောသီးချောကလတ်အစာသွပ်ကြော်

Corn Flake Banana Fritters
ငှက်ပျောသီးကိုပုံစံအမျိုးမျိုးကြော်ကြတဲ့ထဲကတမူထူးခြားအရသာရှိလှတဲ့ချောကလတ်အစာသွပ်ကြော်တဲ့နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ီသီးမွှေးငှက်ပျောသီး - ၄လုံး
ချောကလတ်အစေ့ - တစ်ဘူး
ဂျုံမှုန့် - ၃ဇွန်း စားပွဲဇွန်း
သကြား - တစ်​ဇွန်း
ကြက်ဥ - တဝက်
ရေ သို့မဟုတ် နွားနို့ - အနည်းငယ်
Baking Powder - လ္ဘက်ဇွန်း၁/၎
Corn Flake - တစ်ပန်းကန်
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်နည်း
**************
(၁)ငှက်ပျောသီးကိုအခွံသင်ပြီး၅ပိုင်းမှ၇ပိုင်းအနေထားစိတ်ထားပါ။
(၂)အအေးသောက်သည့်ပိုက်တချောင်းဖြင့်ငှက်ပျောသီးအလယ်ကိုအပေါက်ဖောက်ပေးပါ။
(၃)ချောကလတ်အစေ့၂စေ့ဆီကိုအပေါက်ဖောက်ထားသောငှက်ပျောသီးအတွင်းထည့်ပါ။ချောကလတ်အစေ့မရပါက လိုသလို ဓားဖြင့်စိတ်ပြီးထည့်နိုင်ပါတယ်။
(၄)ပန်းကန်တခုတွင်ဂျုံ၊ကြက်ဥ၊သကြား၊BPကိုနို့သို့မဟု တ်ရေဖြင့် မပျစ်မကျဲဖျော်ထားပါ။
(၅)Corn Flakeကိုကြေအောင်လက်ဖြင့်ဖိချေထားပါ။
(၆)အားလုံးအသင့်ဖြစ်ပါကချောကလတ်ထည့်ပြီးသားငှက်ပျောသီးကိုမုန့်နှစ်ရည်တွင်နှစ်ပြီးCorn Flake တွင်ထည့် ပြီး ကပ်ပေးပါ။
(၇)အားလုံးပြီးသွားပါကဆီအိုးတည်ပြီးဆီပူပူတွင်၂မိနစ်မှ၃မိနစ်ထိအရောင်ရအောင်ကြော်ပြီးဆယ်ယူကာပန်းကန်တွင်ထည့်ပြီးချောကလတ်ဆော့ဖြင့်သော်လည်းကောင်းရေခဲမုန့်ဖြင့်တွဲဖက်၍သော်လည်းကောင်းတည်ခင်းသုံးဆောင်နိုင်ပါပြီ။

2 comments:

  1. ဖဲ့လိုက်တဲ့အခါမှာ ချောကလက်က အရည်ပျော်ဆင်းလာသလား
    ဒါမှမဟုတ် ခပ်ခဲခဲ ပဲအထဲမှာ ရှိနေတာလားဟင်။
    မမအိုင်အိုရာ

    ReplyDelete
    Replies
    1. ​ပျော့​ပျော့​လေးပါ

      Delete

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...