Fried Rice with Baby Corn
ထိုင်းထမင်းကြော်ပုံစံအမျိုးမျိုးရှိတဲ့ထဲကစားနေကျနဲ့မတူတဲ့ပြောင်းဖူးထမင်းကြော်လေးကတမျိုးအရသာထူးလို့အပြောင်းအလဲကြော်စားနိုင်ဖို့မျှဝေပေးလိုက်ပါတယ်။ကြော်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ထမင်းဖြူ - တစ်ပွဲ
ဘဲဥ သို့ ကြက်ဥ - တစ်လုံး
ကြက်သား - လိုသလောက်
ကြက်သွန်နီ - တစ်ခြမ်း
ပြောင်းဖူး - ၅ချောင်း (Baby Corn )
ငံပြာရည် - တဇွန်း စားပွဲတင်ဇွန်း
ခရုဆီ - တစ်ဇွန်း
အနောက်ရည်(ပဲငံပြာရည်) - အနည်းငယ်
သကြားအချိုမှုန့် - လ္ဘက်ဇွန်းတစ်ဇွန်း (ဟင်းခပ်မှုန့်သကြား)
ငရုပ်ကောင်း -အနည်းငယ်
ငရုပ်သီးခြောက် - ၃တောင့်
ဆီ - ၃ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**************
(၁)ဦးစွာကြော်မည့်ထမင်းကိုအအေးခံထားပါ။ဘဲဥသို့ကြက်ဥခေါက်ထားပါ။ကြက်သွန်နီပါးပါးစိတ်ထားပါ။ပြောင်းဖူးကိုအမြောင်းစိတ်ထားပါ။ကြက်သားကိုအဆင်သင့် လှီးဖြတ်ထားပါ။
(၂)အားလုံးအဆင်သင့်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။ဆီပူလာပါကငရုပ်သီးခြောက်ကိုကြော်ပြီးဘေးဖယ်ထား ပါ။ကြက်သွန်ချကြော်ပါ။ကြက်သားထည့်ပါ။ပြောင်းဖူးထည့်ပါ။ဘဲဥသို့ကြက်ဥထည့်ပြီးမေကြော်ပေးပါ။
(၃)အသားကျက်ပါကထမင်းထည့်ပါ။
(၄)အရသာဖြည့်စွက်ပြီးအားလုံးသမအောင်မွေပေးပါ။
(၅)အရသာအပေါ့အငံမြည်းကာပန်းကန်တွင်တည်ခင်းပြီး ငရုပ်သီးခြောက်ကြော်၊ငရုပ်သီးငံပြာရည်စိမ်၊သံပုရာသီးတို့ ဖြင့်တွဲပြီးသုံးဆောင်နို င်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Dry Raddish Pickle ရှမ်းပြည်မှာတော့မုန်လာဥချဉ်မုန်ညင်းချဉ်တို့ကိုအများအားဖြင့်ဆောင်းရာသီမှာပြုလုပ်ပြီးတနှစ်စာပြုလုပ်လေ့ရှိပါတယ်။ဆောင်းရာ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment