Grilled Beef
အသားကင်ကိုပုံစံအမျိုးမျိုးဖြင့်ပြုလုပ်ကြပြီးဒီနည်းလေးကတော့ပြုလုပ်၇လွယ်ကူပြီးစား၇တာလည်းအ၇သာရှိပါတယ်။အသားကင်ပြုလုပ်၇န်နူးညံ့သောမိုးခိုသားဖြစ်၇ပါမယ်။တွဲဖက်စားသုံး၇န်မန်ကျည်းသီးဆော့ကိုကြိုတင်ပြုလုပ်ထားပါ။
ပါဝင်ပစ္စည်း
*******
မိုးခိုသား - ၂၀၀ ဂ၇မ်
ယိုးဒယားပဲငံပြာ၇ည်အကြည် - ၂ဇွန်း စားပွဲတင်ဇွန်း
ခရုဆီ - တစ်ဇွန်း
နှမ်းဆီမွေး - အနည်းငယ်
ငရုပ်ကောင်း -အနည်းငယ်
ဟင်းခပ်မှုန့် သကြား - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)မိုးခိုသားကိုအကွင်းလိုက်ခပ်ထူထူလှီးပြီးဓားပြားဖြင့်အနည်းငယ်၇ိုက်ကာပြန့်အောင်ပြုလုပ်ပါ။
(၂)ပါဝင်သောဟင်းစပ်ပစ္စည်းများထည့်ကာနယ်ပြီး၅မိနစ်ခန့်နှပ်ထားပါ။
(၃)မီးသွေးဖိုတွင်ကင်လိုပါကဇကာညပ်တွင်ညှပ်ပြီးမီးပြင်ဖြင့်ကင်ပါ။အိုးမကပ်သောဒယ်သို့griller တွင်ကင်လိုပါကတဖက်ကိုတစ်မိနစ်ခန့်ကင်ပါ။ခြောက်သွားလျှင်မာပြီးအချိုများလျော့သွားတတ်ပါတယ်
(၄)ကင်ပြီးသောအသားကိုခပ်စောင်းစောင်းလှီးကာပန်းကန်တွင်တည်ခင်းပြီးမန်ကျည်းဆော့စ်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
မန်ကျည်းဆော့စ်ပြုလုပ်နည်း
****************
အိုးတခုတွင်ထန်းလျက်သုံးလုံးခန့်ထည့်ပြီးေ၇အနည်းငယ်ဖြင့်ကျိုပါ။အမှိုက်များစစ်ထုတ်ပြီးေ၇ဖျော်ထားသောမန်ကျည်းမှည့်ထည့်ကျိုပါ။ဆားထည့်ပါ။င၇ုပ်သီးအလှော်မှုန့်ထည့်ပါ။အ၇သာချိုချဉ်စပ်၇ပါကမီးဖိုမှချကာအအေးခံထားပြီးသုံးဆောင်မည့်အချိန်တွင်ရှမ်းနံနံပါးပါးလှီးထည့်ကာယိုးဒယားဆန်လှော်မှုန့်ဖြူးပြီးအသားကင်နှင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
14 July 2015
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
ရှမ်းပြည်အစားအစာဖြစ်တဲ့ငှက်ပျောဖူးချဉ်လုပ်ကြည့်ဖို့အကြံပေးတဲ့တောင်ကြီးကညီမယွန်းဖူးဖူးကိုကျေးဇူးတင်ပါတယ်။သတ်သတ်လွတ်လည်းဖြစ်ပြီးဆန်နီလေးနဲ့ခ...
No comments:
Post a Comment