ဆိတ်သားဆိုရင်အလွန်ညှီတာသိကြတဲ့အတိုင်းဆိတ်အူကြမ်းဆိုမှတော့ပြောဖွယ်မရှိပေါ့နော်။ဆိတ်အူကြမ်းစွတ်ပြုတ်ပူပူရှိန်းရှိန်းလေးကိုမညှီအောင်ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*******
ဆိတ်အူကြမ်း - တစ်ကီလိုခွဲ
ဗီနီဂါ - ရေနွေးပန်းကန်နှစ်လုံး (ဆေးရန်)
ကြက်သွန်နီ - ၅လုံး
ဂျင်း - တစ်တက်
ကြက်သွန်ဖြူ - တစ်လုံး
စပါးလင် - နှစ်ချောင်း
ရှောက်ခါးရွက် - ၅ ရွက်
ပဒဲကော - လက်တစ်ဆစ်
ငရုပ်ကောင်း - တစ်ဇွန်း လ္ဘက်ဇွန်း
ငရုပ်သီးအနှစ် - နှစ်ဇွန်း စားပွဲတင်ဇွန်း
နနွင်း - လ္ဘက်ဇွန်း တဝက်
မန်ကျည်းမှည့် - အနည်းငယ်
ဆား - လိုသလောက်
ဟင်းခပ်မှုန့် - လိုသလောက်
ဇီယာမှုန့် - တစ်ဇွန်း စားပွဲတင်ဇွန်း
ကြက်သွန်နီကြော် - လက်တစ်ဆုပ်
ငရုပ်သီးစိမ်း - ဆယ်တောင့်
ရှမ်းနံနံ - တစ်စည်း
ဆီ - ငါးကျပ်သား
(၁)သန့်စင်ပြီးသားဆိတ်အူကြမ်းကိုလိုသလိုလှီးဖြတ်ပြီးဗီနီကာဖြင့်နှယ်ကာတစ်နာရီခန့်ထားပြီးရေပြောင်အောင်ဆေးချပါ။ရေစင်အောင်စစ်ပြီးဆားနှင့်ဟင်းခပ်မှုန့်တို့ဖြင့်နှယ်ထားပါ။
(၂)ဟင်းရည်တည်မည့်အိုးတွင်ဆီထည့်ပြီးကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်း၊စပါးလင်၊ပဒဲကော၊ရှောက်ရွက်၊ငရုပ်သီးအနှစ်၊နနွင်းတို့ကိုငရုပ်သီးဆီပြန်လာသည်ထိဆီသပ်ပါ။
(၃)ဆီပြန်လာပါကဆိတ်အူကြမ်းကိုထည့်ပြီးသမအောင်မွေပေးပါ။
(၄)ပြီးလျှင်ရေမြုတ်အောင်ထည့်ပြီးဆိတ်အူကြမ်းနူးအိသည်ထိတည်ထားပါ။
(၅)ဆိတ်အူကြမ်းနူးအိပါကမန်ကျည်းမှည့်၊ဇီယာမှုန့်၊ကြက်သွန်ကြော်ထည့်ပါ။အရသာအပေါ့အငန်မြည်းပါ။လိုအပ်သောဟင်းရည်ပမာဏဖြည့်စွက်ပါ။
(၆)အားလုံးအဆင်သင့်ဖြစ်ပါကအိုးချခါနီးတွင်ငရုပ်သီးစိမ်းနှင့်ရှမ်းနံနံ၊ငရုပ်ကောင်းတို့ကိုခပ်ပြီးသုံးဆောင်နိုင်ပါပြီ။
ငရုပ်သီးမှုန့်၊သံပုရာသီးညစ်ကာမိမိနှစ်သက်ရာနံပြား၊ပလာတာတို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါသည်။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
ရှမ်းပြည်အစားအစာဖြစ်တဲ့ငှက်ပျောဖူးချဉ်လုပ်ကြည့်ဖို့အကြံပေးတဲ့တောင်ကြီးကညီမယွန်းဖူးဖူးကိုကျေးဇူးတင်ပါတယ်။သတ်သတ်လွတ်လည်းဖြစ်ပြီးဆန်နီလေးနဲ့ခ...
No comments:
Post a Comment