17 July 2015

မလေးရှားချဉ်စပ်ဟင်း

Hot & Sour Curry
Asam Pedas

ကြက်သား၊ငါးနှစ်သက်၇ာဖြင့်ချက်နိုင်သလိုငါးနဲ့ပိုလိုက်ဖက်ပါတယ် သီးနှံကိုလည်းခ၇မ်းသီး၊၇ုံးပတေသီးတို့ဖြင့်တွဲဖက်ချက်ပြုတ်နိုင်ပါတယ်။စားနေကျပုံစံမဟုတ်ဘဲအ၇သာအပြောင်းအလဲဆန်းဆန်းပြားပြားချက်ပြုတ်ချင်သောအိမ်ရှင်မများအတွက်မျှဝေပေးလိုက်ပါတယ်။
Asam Pedas င၇ုပ်သီးအနှစ်တွင်ပါဝင်ပစ္စည်း
**************************
င၇ုပ်သီးခြောက် - ၁၀၀ ဂ၇မ်
ဂျင်း - လက်၂ဆစ်
ကြက်သွန်ဖြူ - ၅မြောင်း
စပါးလင် - ၂ချောင်း
ကြက်သွန်နီ - ၃လုံး
ပဒဲကော - လက်တစ်ဆစ်
Candlenut - ၃လုံး
Candlenut ကဟင်းပျစ်အောင်ထည့်ခြင်းဖြစ်ပါတယ်။ မရှိကမထည့်လည်း၇ပါတယ်။
င၇ုပ်ကောင်း - စားပွဲတင်တစ်ဇွန်း
ပြုလုပ်နည်း
******
င၇ုပ်သီးခြောက်ကိုေ၇စိမ်ပြီးပါဝင်ပစ္စည်းများအားလုံးထည့်ကာေ၇ထည့်ပြီးကြေညက်အောင် ကြိတ်ထားပါ။
Asam Pedas အနှစ်ကို readymade အထုပ်များလည်းအသုံးပြုနိုင်ပါတယ်။
ဟင်းချက်၇န်လိုအပ်သောပစ္စည်း
*****************
ကြက်သား သို့ ငါး - တစ်ကီလို
င၇ုပ်သီးအနှစ် - ၁၅၀ဂ၇မ်
မန်ကျည်းမှည့် - ၁၀၀ ဂရမ်
ချဉ်ဆော်ခါးသီးခြောက် - ၅ ခု
မုန်ညင်းဆားစိမ် - တစ်ထုပ် (တစ်ပင်)
ဖက်ဖယ်၇ွက် - လက်တစ်ဆုပ်
ခ၇မ်းသီး သို့ ရုံးပတေသီး - လိုသလောက်
ခရမ်းချဉ်သီး - ၃လုံး
ဆား - လိုသလောက်
သကြား - ၃ဇွန်း စားပွဲတင်
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်နည်း
*************
(၁)ဦးစွာင၇ုပ်သီးအနှစ်ကိုကြိတ်ထားပါ။ကြက်သားသို့ငါးကိုအနေတော်လှီးဖြတ်ထားပါ။စပါးလင်ကိုထုထားပါ။ခ၇မ်းချဉ်သီးအမြောင်းကြီးကြီးလှီးထားပါ။သီးနှံများကိုလှီးဖြတ်ထားပါ။ဖက်ဖယ်၇ွက် အ၇ိုးများသင်ထားပါ။မုန်ညင်းဆားစိမ်ကိုေ၇ဆေးပြီးခပ်ကြီးကြီးလှီးထားပါ။
(၂)အားလုံးအဆင်သင့်ဖြစ်ပါကအိုးထည်းတွင်ဆီထည့်ပြီး စပါးလင်ဆီသပ်ပါ။င၇ုပ်သီးအနှစ်ထည့်ကာမီးအေးဖြင့်ဆီပြန်လာအောင်ချက်ပေးပါ။
(၃)ဆီပြန်လာပါက ကြက်သားထည့်ပါ။ ငါးဖြင့်ချက်လိုက အားလုံးပြီးမှသာနောက်ဆုံးမှသာငါးကိုထည့်၇ပါမယ်။
(၄)ကြက်သားလုံးပြီးပါက ဆား၊သကြား၊မန်ကျည်းမှည့်၊ချဉ်စော်ခါးသီးခြောက်၊မုန်ညင်းဆားစိမ်၊ ဖက်ဖယ်၇ွက်တို့ကိုထည့်ပါ။ မုန်ညင်းဆားစိမ်မှာအငန်ဖြစ်၍ဆားကိုထိန်းထည့်ပါ။
(၅)အသားနူးစေ၇န်ေ၇မြုတ်၇ုံထည့်ပေးပြီးဆူပွက်အောင်တည်ပါ။
(၆)အသားနူးပါကသီးနှံများကိုထည့်ပါ။အ၇သာအပေါ့အငံမြည်းပါ။
(၇)ငါးဖြင့်ချက်လိုကငါးကို သီးနှံထည့်ပြီးမှသာထည့်ပါ။ဆူပွက်ပါက ခရမ်းချဉ်သီး အမြောင်းများထည့်ကာမီးဖိုမှချပြီးချဉ်စပ်ဟင်း Asam Pedas ကို ထမင်းဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...