1 June 2015

အုန်းနို့ခေါက်ဆွဲ


Coconut Noodle
အုန်းနို့ခေါက်ဆွဲချက်နည်းမေးထားတဲ့သူငယ်ချင်းတွေအတွက်နှစ်ပေါင်းများစွာမချက်ဖြစ်တဲ့အုန်းနို့ခေါက်ဆွဲကိုဒီနေ့ချက်ဖြစ်ပါတယ်။မှတ်မှတ်ရရတတိယတန်း၁၉၈၉လောက်ကကျောင်းပိတ်ရက်မှာစချက်ပြီးရောင်းခဲ့ရတာမလုပ်တတ်လုပ်တတ်နဲ့ပြုတ်ပြီးသားခေါက်ဆွဲဘမ်းကြီးမှောက်ကျခဲ့တာမြင်ယောင်၇င်းဒီကနေ့ငယ်ဘဝပြန်ရောက်သွားသလိုပါဘဲ ☺ ဆိုဖီယာချက်တဲ့နည်းလေးမျှဝေပေးပါ့မယ်။
ပါဝင်ပစ္စည်း
******
အုန်းနို့ဟင်းရည်အတွက်**
ပဲမှုန့်အစိမ်းမှုန့် - ၁၀၀ ဂရမ်
နနွင်း - အနည်းငယ်
ေ၇ -၂လီတာ
ဆား - တစ်ဇွန်း စားပွဲတင်ဇွန်း
ဟင်းခပ်မှုန့် -တစ်ဇွန်း
ကြက်သွန်နီ ဥသေး - ၁၅၀ ဂရမ်
အုန်းနို့ - ၄၀၀ ml
ကြက်သားချက်၇န်**
ကြက်သား - ၄၀၀ ဂရမ်
ဂျင်းကြက်သွန်ဖြူ - အနည်းငယ်
ဆား - ဇွန်းတဝက် စားပွဲတ၈်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
အရောင်တင်မှုန့် - နှစ်ဇွန်း
ဆီ - ၂၀၀ ml
တွဲဖက်စားရန်**
ဂျုံခေါက်ဆွဲ - တစ်စည်း ပြုတ်ပြီးဆီလူးထားပါ။
မုန့်ကြွပ်ကြော်
ကြက်သွန်နီ ပါးပါးစိတ်
နံနံပင်
င၇ုပ်သီးမှုန့်
သံပုရာသီး
ကြက်ဥပြုတ်
ပြင်ဆင်ချက်ပြုတ်နည်း
*************
(၁)ဦးစွာပဲစိမ်းမှုန့်ကိုနနွင်းထည့်ပြီးေ၇အနည်းငယ်ဖြင့်ကြေအောင်ချေပေးပါ။ပဲမှုန့်အားလုံးကြေပါကေ၇၂လီတာထည့်ပြီးမီးအေးအေးဖြင့်ကျိုပေးပါ။
(၂)ဆား၊ဟင်းခပ်မှုန့်၊ကြက်သွန်ဥသေးလေးအားထည့်ပါ။အိုးမကပ်စေရန်အဆက်မပျက်မွေပေးပါ။
(၃)ဆူပွက်ပြီးပဲစိမ်းနံပျောက်ပါကအုန်းနို့ထည့်ပြီးဆူပွက်အောင်တည်ပြီးအရသာအပေါ့အငံမြည်းကာမီးအေးအေးဖြင့်ဟင်းရည်ကျအောင်တည်ထားပါ။
(၄)ဟင်းချိုအိုးတည်ထားစဉ်ကြက်သားဟင်းအတွက်ပြင်ဆင်ပါ။ကြက်သားကိုလိုသလိုလှီးဖြတ်ပြီးဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူအနည်းငယ်ထည့်ပြီးနယ်ထားပါ။
(၅)ဒယ်အိုးတခုတွင်ဆီကိုအပူပေးပြီးအေ၇ာင်တင်မှုန့်ဆီသပ်ပြီးနှပ်ထားသောကြက်သားထည့်ပြီးချက်ပါ။
(၆)ကြက်သားကျက်ပါကအသင့်တည်ထားသောဟင်းချိုအိုးထဲေ၇ာထည့်ပါ။(မေ၇ာဘဲသီးသန့်ထားလိုကထားပါ)
(၇)အားလုံးအဆင်သင့်ဖြစ်ပါကပန်းကန်တွင်ခေါက်ဆွဲထည့်ပြီးအုန်းနို့ဟင်းရည်၊ကြက်သား၊ကြက်သွန်ဥမျှအောင်ထည့်ကာမုန့်ကြွပ်ကြော်၊ကြက်ဥ၊နံနံပင်၊ကြက်သွန်နီ၊င၇ုပ်သီးမှုန့်၊၊သံပုရာသီးတို့ဖြင့်လိုသလိုပွဲပြင်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...