Egg Wonton
ဖတ်ထုပ်ဖက်မပါဘဲကြက်ဥနဲ့ဖတ်ထုပ်ပြုတ်၊ဖတ်ထုပ်ကြော်လေး လုပ်စားရအောင်နော်။
လိုအပ်သောပစ္စည်း
**********
ကြက်ဥ - သုံးလုံး
ဆား - အနည်းငယ်
ကြက်ဥကိုဆားအနည်းငယ်ထည့်ပြီးကြေအောင်ခေါက်ထားပါ
အစာသွပ်ရန်လိုအပ်သောပစ္စည်း
*****************
နှစ်သက်ရာအသားစဉ်းထားတာ - တစ်ပန်းကန်
ပဲငံပြာရည် - တဇွန်း
ခရုဆီ - တစ်ဇွန်း
ှနှမ်းဆီမွေး - အနည်းငယ်
ငရုပ်ကောင်း- အနည်းငယ်
ပါဝင်ပစ္စည်းအားလုံးကိုထည့်ပြီးဆီအနည်းငယ်ဖြင့်ကြော်ပေးပါ။ အစိမ်းထည့်လိုကထည့်နိုင်သည်။ကြက်ဥဖတ်ထုပ်ကိုသေခြာပြန်ပြုတ်ရပါမယ်။
ကြက်ဥဖတ်ထုပ်လုပ်နည်း
**************
(၁)အိုးမကပ်သောဒယ်တခုကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာနှံ့အောင်လူးပေးပါ။ကြက်ဥထည့်လိုက်သည်နှင့်ကျက်နိုင်သည့်အနေအထားပူရပါမယ်။အိုးမပူပါကကြက်ဥအရည်ထည့်စဉ်အဝိုင်းအနေထားရရန်ခက်ပါတယ်။
(၂)ခေါက်ထားသောကြက်ဥကိုပုလင်းဖုံးတဖုံးစာခန့်ခပ်ပြီးအိုးထည်းသို့သာသာလေးအဝိုင်းပုံစံရအောင်ထည့်ပါ။
(၃)မီးကိုအတိုးလျော့လုပ်ပေးရပါမယ်။ (၄)ကြက်ဥအပေါ်မျက်နှာပြင်မခြောက်ခင် ကြက်သားကြော်ကို ဇွန်းသေးသေးဖြင့်ခပ်ထည့်ပြီးကြက်ဥအပြားလေးလခြမ်းပုံဖြစ်အောင်ကိုခေါက်ပေးပါ။ ကြက်ဥအတွင်းသားများကပ်သွားပါလိမ့်မယ်။ (၅)ကပ်သွားပါက ကြက်ဥဖတ်ထုပ်အနားလေးကိုသာသာဖိပေးပြီး ဟိုဘက်ဒီဘက်လှန်ကြော်ပါ။ ကြက်ဥအကျက်လွန်လျှင်မကပ်ပါ။ မကပ်ပါက ကြက်ဥအရည်လေးဖြင့်တို့ပြီးကပ်ပေးနိုင်ပါတယ်။ (၆)ကြော်ပြီသားဖတ်ထုပ်လေးများကိုပန်းကန်တချပ်တွင်ထည့်ထားပါ။
ကြက်ဥသုံးလုံးကို ဖတ်ထုပ်အခုနှစ်ဆယ်ပြုလုပ်နိုင်ပါတယ်။
ဟင်းရည်ချက်နည်း
**********
မိမိနှစ်သက်ရာပုံစံချက်န်ုင်ပါတယ်။ အခုလုပ်ထားတာလေးကတော့ပဲကြာဇံနဲ့ပဲရွက်ရောထားပြီးကြက်ဥဖတ်ထုပ်လေးထည့်ထားတာပါ အရသာ ငံပြာရည် ခရုဆီ၊ ဆီမွေး၊ ကြက်သွန်ဖြူဆီချက်၊ ငရုပ်ကောင်းထည့်ပါတယ် ။အကြော်အနေနဲ့ စားမယ်ဆိုလျှင်အရောင်ရသည်ထိကြော်ပြီးနှစ်သက်ရာဆော့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါတယ် ။
ပြုလုပ်ရတာနည်းနည်းအနုစိတ်ပေမဲ့လုပ်ထွက်လာတော့ပျော်စရာကောင်းပါတယ် ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihmjgKeKziYFWJBOUUCBMNzrBGpkdVGWsOdY1Q4m74C5N5CwBKrZzrUgRcH4y92k4flGIi0YFw4X6L0oHdk_3GQcUoYrA-E_chxX_V7-icv4nXM4X1bHgmN9OeD3460qKmBsNgmFUd5FUC/s400/20161116_160813_mh1479284208999_wm.jpg)
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Home made Myanmar Traditional Fish Pickle မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်ေ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment