အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
1 June 2015
နန်းကြီးသုပ်
နန်းကြီးသုပ်ကိုမြန်မာတိုင်းနှစ်သက်မဲ့အစားအစာတခုလို့ထင်ပါတယ်။သုပ်ပုံသုပ်နည်းလည်းတယောက်နဲ့တယောက်သိပ်မကွာ လှပါ။ နန်းကြီးသုပ်မှာတော့အဓိကနန်းကြီးကြက်သားဟင်းဘဲဖြစ်ပါတယ်။ခုလုပ်ထားတဲ့နည်းလေးကတော့ဆိုဖီယာအမြဲလုပ်စားဖြစ်တဲ့နည်းလေးပါလွယ်လွယ်ကူကူအလုပ်သွားအလုပ်ပြန်မြန်မြန်ဆန်ဆန်လုပ်စားလို့၇အောင်နန်းကြီးဟင်းကိုချက်ထားလေ့ရှိပါ တယ်။
လိုအပ်သောပစ္စည်း
***********
နန်းကြီးမုန့်တီ - တစ်ကီလို
နန်းကြီးကြက်သားဟင်း - တစ်ပန်းကန်
ပဲမှုန့်အကျက် - ၅ဇွန်း စားပွဲတင်ဇွန်း
ကြက်သွန်နီဖြူအေ၇ာင်တင်ဆီချက် - ၅ဇွန်း
ဘဲဥ /ကြက်ဥပြုတ် - ၅လုံး
ငံပြာ၇ည် - လိုသလောက်
င၇ုပ်သီးဆီချက်
ကြက်သွန်နီပါးပါးစိတ်
နံနံပင်
သံပု၇ာသီး
နန်းကြီးဟင်းအတွက်ပါဝင်ပစ္စည်း
******************
ကြက်သား - တစိတ်
ကြက်သွန်နီ - ငါးလုံး သို့ ကြက်သွန်ကြော် တစ်ပန်းကန်
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း စားပွဲတင်
ဆား - ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ငံပြာ၇ည် -နှစ်ဇွန်း
အေ၇ာင်တင်မှုန့် - တစ်ဇွန်း
နနွင်း - အနည်းငယ်
အုန်းနို့ - ၁၀၀ ml (ေ၇နွေးခွက်တခွက်စာ)
ေ၇ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ကြက်သားကိုအတုံးသေးသေးစိတ်ကာဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူတို့ဖြင့်နယ်ထားပါ။
(၂)ကြက်သွန်ကြော်ပြီးသားသုံးလိုပါကကြက်သားထည်းထည့် နယ်ထားပါ။အိုးတခုတွင်ဆီထည့်ပြီးကြက်သွန်နီပါးပါးစိတ်ကြော်ပြီးနီေ၇ာင်သမ်းပါကနနွင်းအေ၇ာင်တင်ထည့်ကာကြက်သားနှပ်ထားသည်ကိုထည့်ချက်ပါ။
(၃)ကြက်သားမှထွက်လာသောအရည်ခမ်းပါကငံပြာ၇ည်၊အုန်းနို့ထည့်ပါ။ေ၇ကိုအနည်းငယ်ဆီထည့်ကာအနှစ်ကျအောင်ချက်ပေးပါ။
(၄)ဆီပြန်အနှစ်ကျပါကမပျစ်မကျဲအနေတွင်အ၇သာမြည်းကာနန်းကြီးသုပ်သုပ်၇န်ကြက်သားဟင်း၇ပါပြီ။အ၇သာမှာလေးလေးပင်ပင်ဖြစ်၇ပါမယ်။
နန်းကြီးသုပ်ပြင်ဆင်နည်း
**************
ပွဲပြင်မည့်ပန်းကန်တွင်နန်းကြီးမုန့်ဖက်၊ကြက်သားဟင်းကိုဟင်းအနှစ်ဖြင့်တွဲထည့်ပါ။ပဲမုန့်အကျက်မှုန့်၊ကြက်ဥ(သို့)ဘဲဥပြုတ်ထည့်ပါ။နံနံပင်၊ကြက်သွန်နီ၊င၇ုပ်သီး၊သံပု၇ာသီး၊ငံပြာ၇ည်အနည်းငယ်တို့ဖြင့်ပြင်ဆင်ပြီးသုံးဆောင်နိုင်ပါပြီ။
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
-
Home made Myanmar Traditional Fish Pickle မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်ေ...
No comments:
Post a Comment