14 June 2015

ကြက်​သားစက္ကူထုပ်


ကြက်သားစက္ကူထုပ် ဆိုတာ တကယ်ဆီစိမ်စက္ကူ လေးနဲ့ ထုပ် ထားတာလေးပါ။ကြော်ပြီးရင် စက္ကူလေးခွာစားရပါတယ်။ ခု လုပ် ထားတာလေး ကတော့စက္ကူ အစားrice paper လေးသုံးထား တာမို့အလုပ် မရှုပ်တော့ ဘူးပေါ့နော်။ပထမ ကြက်သားအစာ အရင် လုပ်ပါ့မယ် ကြက်သားစင်းထားတာထည်းကို ကြက်သွန်နီ၊ မုန်လာဥနီ  ၊ ကြက်သွန်မိတ်သေးသေးစိတ်ထည့်ပါ ကြက်ဥတလုံး၊ပြောင်းဖူးမှုန့်၊ငရုပ်ကောင်းမှုန့်၊ဆား၊ကြက်သားမှုန့်၊နှမ်းဆီမွေးတို့ကို ထည့်ပြီးမွေထားပါ ။ နံနံပင် အခက် လိုက် ဖြတ်ထားပါ။ ငရုပ်သီးစိမ်းကို ခပ်ရှည်ရှည် လေး လှီးထားပါ ။ Rice paper ကို တခြမ်းဘဲသုံးထားပါတယ်လိုသလောက် ကပ်ကြေးနဲ့ညပ်ထားပါ ။ အဝကျယ် ပန်းကန်နဲ့ ရေတပန်းကန် ထည့်ထားပါ
စထုပ်ပါ့မယ် rice paper ကို ရေ စို အောင် စိမ်ပြီး ခင်းလိုက်ပါ။ နံနံပင် နှင့် ငရုပ်သီးစိမ်းကို အရင် ခင်းပါ အပေါ်မှ ကြက်သား တဇွန်းထည့်ပြီး ညီအောင်ဖြန့်လိုက်ပါ။အသားအများကြီးထည့်လျှင် အတွင်းပိုင်း ကျက်ဖို့ ကြာပါတယ်။  ဘေးနှစ်ဘက်ကို ခေါက်ပြီး အတွင်းမှ ကြက်သားကို နေ ရာ ပြည့်အောင်ဖိပေးပါ ပေါ်အောက် မပိတ်ခင် အတွင်းမှ လေမခိုအောင်ဖိပေးပါပြီးလျှင် ကျန်နှစ်ဖက်ကို ခေါက်ပြီးသေချာ ကပ်ပေးပါ ။ အားလုံး ထုပ်ပြီးပါက အိုတခုတွင် ဆီ တလက်မ ခန့် ထည့်ပြီး ဆီတအားမပူခင် ထည့်ကြော်ပါ။ ဆီပြင်းပါကထုပ်ထားတာပေါက်တတ်ပါတယ်။ဖြည်းဖြည်းချင်းအသားကျက်အောင် ကြော်ပါ ။၃မိနစ်လောက် ဟိုဘက်ဒီဘက် လှန်ကြော်ပြီး အနည်းငယ် ညို ရောင်သမ်းက ဆယ် ယူ ဆီစစ်ပြီး sweet chilli sauce ဖြင့် သုံးဆောင်နိုင်ပါပြီ။
အတွင်းမှ ကြက်သားရဲ့ Juice လည်းမထွက် နံနံပင်နဲ့ ငရုပ်ပေါင်းပြီး အနံ့အရသာတော်တော်ကောင်းပါတယ်။ထုပ်ပြီးသားကြက်သားထုပ်လေးတွေကိုပေါင်းစားလည်းစားကောင်းပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...