Cucur Udang
(Prawn Fritter)
မြနိမာပြည်ကအကြော်အတော်များများကကြွပ်၇ွနေတာစားနေကျမို့ ဒီနိုင်ငံကပုဇွန်ကြော်ကိုမြင်ခါစကစားဖို့စိတ်မဝင်စားခဲ့ဖူးဘူး။တကယ်တန်းစားကြည့်တော့မှမတူထူးခြားတဲ့အရသာတွေရှိလို့လုပ်နည်းမေးပြီးသင်ယူဖြစ်တာလေးမျှဝေပေးလိုက်ပါတယ်။ကြော်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*******
ဂျုံမှုန့် - ၂၀၀ ဂရမ်
Baking powder - လ္ဘက်ဇွန်း တစ်ဝက်
နနွင်း - အနည်းငယ်
ဆား - တဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ရေ -၂၅၀ ml
ကြက်သွန်ဖူး သို့ ဂျူးဖူး - ၁၀၀ဂရမ်
ပဲပင်ပေါက် - ၁၀၀ဂရမ်
တရုပ်နံနံ - ၂ပင်
ငရုပ်သီးအပွတောင့် - ၂တောင့်
င၇ုပ်သီးစိမ်း - ၅တောင့်
ပုဇွန် -အကောင် ၂၀
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ပုဇွန်ကိုေ၇ဆေးသန့်စင်ပြီးေ၇စစ်ထားပါ။အခွံသင်လိုကအမြီးချန်ပြီးသင်ထားနိုင်ပါတယ်။
(၂)ဇလုံတခုတွင်ဂျုံနှင့် Baking powderထည့်ပါ။ဂျုးဖူးသို့ ကြက်သွန်ဖူးကိုေ၇ဆေးပြီးလက်တစ်ဆစ်ခန့်ဖြတ်ပြီးထည့်ပါ။ပဲပင်ပေါက်ရေဆေးေ၇စစ်ပြီးထည့်ပါ။င၇ုပ်သီးသေးသေးစိတ်ထည့်ပါ။င၇ုပ်ပွခပ်ကြမ်းကြမ်းလှီးထည့်ပါ။တရုပ်နံနံထည့်ပါ။ဆားနှင့်နနွင်းထည့်ပြီးအားလုံးကိုသမအောင်မွေပေးပါ။နောက်ဆုံးတွင်ေ၇ထည့်ပြီးနှယ်ပေးပါ။
(၃)အားလုံးအသင့်ဖြစ်ပါကဆီအိုးတည်ထားပါ။ဆီပူပါကဇွန်းပြားတခုကိုဆီပူတွင်ထည့်ပြီးအပူပေးထားပါ။
(၄)ဆီပူပါကမုန့်နှစ်ရည်တဇွန်းခပ်ယူပြီးအပူပေးထားသောဇွန်းပြားပေါ်တင်ပါ။ပုဇွန်တစ်ကောင်ကိုအပေါ်မှတင်ပြီးဖိကပ်ပေးကာဆီပူအိုးထဲချကြော်ပါ။
(၅)စက္ကန့်အနည်းငယ်ကြော်မိပြီးပါကဇွန်းပြားမှပုဇွန်ကြော်ကိုခွာချပြီးအေ၇ာင်ရသည်ထိနှစ်ဖက်လှန်ကြော်ပေးကာဆယ်ယူဆီစစ်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
ရှမ်းပြည်အစားအစာဖြစ်တဲ့ငှက်ပျောဖူးချဉ်လုပ်ကြည့်ဖို့အကြံပေးတဲ့တောင်ကြီးကညီမယွန်းဖူးဖူးကိုကျေးဇူးတင်ပါတယ်။သတ်သတ်လွတ်လည်းဖြစ်ပြီးဆန်နီလေးနဲ့ခ...
No comments:
Post a Comment