30 May 2015

သာကူအုန်းမွေးလုံး



ပြုလုပ်ရလွယ်ကူတဲ့သာကူအုန်းမွေးလုံးကိုငယ်ငယ်ကတည်းကမကြာခဏဆိုသလိုလုပ်စားဖြစ်ပါတယ်။အိမ်နားနီးချင်းအန်တီတယောက်အမြဲလိုမြန်မာမုန့်လုပ်နေတာမြင်ဖူးစားဖူးနေရလို့သာမြန်မာမုန့်လို့ဆိုသော်လည်းအခြားစင်္ကာပူမလေးရှားနှင့်ထိုင်းနိုင်ငံများမှာလည်းဆင်တူမုန့်လေးတွေတွေ့နိုင်ပါတယ်။ဆိုဖီယာလုပ်ထားတဲ့မုန့်အချိုးလေးမျှဝေေ ပးလိုက်ပါတယ်။လုပ်စားကြည့်ရအော င်နော်။
ပါဝင်ပစ္စည်း
********
ယိုးဒယားသာကူစေ့ - ၂၀၀ ဂရမ်
သကြား - ၁၀၀ ဂရမ်
ရေ /နှစ်သက်ရာဖျော်ရည်- ၁.၂လီတာ
ဆား - လ္ဘက်ဇွန်း သုံးပုံ တစ်ပုံ
အုန်းသီးမှုန့် - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)အိုးတခုတွင်ရေဆားသကြားတို့ကိုထည့်ပြီးကျိုပေးပါ။
(၂)ဆူပွက်ပါကသာကူစေ့ထည့်ပါ။မီးအနေတြော်ဖ င့်သာကူအဆံပျောက်ခါနီးထိကျိုပေးပါ။အဆက်မပျ က်မွေပေးပါ။ဆယ်မိနစ်က၁၅မိနစ်ခန့်ကြာပါတယ်။
(၃)သာကူအဆံပျောက်ပြီးရေခမ်းလာပါကဆီအနည်းငယ်လူးထားသောဘမ်းတွင်ထည့်ပြီးအအေးခံထားပါ။
(၉)သာကူအေးသွားလျှင်လိုသလိုလုံး၍သော်၎င်း လှီးဖြတ်၍သော်၎င်းအုန်းသီးခြစ်ထားသည်နှင့်လူးပေးကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။ 
❀❀အရောင်နှစ်မျိုးခွဲလိုပါကကျိုပြီးနှစ်အိုးခွဲကာအရောင်ထည့်ပြီးသမအောင်မွေပေးပြီးအအေးခံပါ။
❀❀ရေအစားမိမိနှစ်သက်ရာဖျော်ရည်အရသာအသုံးပြုနိင်ပြီးသကြားအချိုးကိုလျော့ထည့်ပါ။
❀❀သာကူအမျိုးအစားပေါ်မူတည်ပြီးရေလိုတိုးပိုလျော့ပြုလုပ်ရန်လိုအပ်ပါတယ်။
........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...