ထမင်းကြော်နှစ်သက်သူများအဖို့အနံ့အရသာနဲ့ပြည်စုံတဲ့မလေးရှားထမင်းကြော်(ပသျူးထမင်းကြော်)ပြုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ထမင်းဖြူ - တစ်ပွဲစာ
ကြက်ဥ - တစ်လုံး
ကြက်သား - အနည်းငယ်
ကြက်သွန်နီ - တစ်ခြမ်း
ကြက်သွန်ဖြူ - နှစ်မြောင်း
ငရုပ်သီးအနှစ် - တစ်ဇွန်း စားပွဲတင်ဇွန်း (Red Curry Paste)
ပဲပင်ပေါက် - လက်တဆုပ်
ငံပြာရည် - တစ်ဇွန်း
ခရုဆီ - တစ်ဇွန်း
ဟင်းခပ်မှုန့် - အနည်းငယ်
ငရုပ်ကောင်း - အနည်းငယ်
ဆီ - ၃ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကြော်မည့်ထမင်းတပွဲစာကိုအအေးခံထားပါ။
(၂)ဒယ်အိုးထဲသို့ဆီတဇွန်းထည့်ပြီးအပူပေးပါ။ပူလာပါကကြက်ဥချကြော်ပြီးဖယ်ထုတ်ထားပါ။မဖယ်ထုတ်ဘဲရောကြော်လို့လည်းရပါ တယ်။
(၃)ဆီအနည်းငယ်ထပ်ထည့်ပြီးကြက်သွန်နီသေးသေးစိတ်နှင့်ကြက်သွန်ဓားပြားရိုက်ထားသည်ကိုထည့်ကြော်ပါ။
(၄)ကြက်သားထည့်ကြော်ပါ။
(၅)ငရုပ်သီးအနှစ်ထည့်ပြီးမွှေးလာသည်ထိဆီသပ်ကြော်ပေးပါ။
(ငရုပ်သီးအနှစ်ကြည့်သီးသန့်မသုံးဘဲ red curry paste သုံးပါက အနှံ့အရသာပိုကောင်းပါတယ်)
(၆)ထမင်းနှင့်ပဲပင်ပေါက်ချကြော်ပါ။
(၇)အရသာဖြည့်စွက်ပြီးသမအောင်မွေပေးပြီးအပေါ့အငံမြည်းကာပန်းကန်တွင်တည်ခင်းပြီးအပေါ်မှကြော်ထားသောကြက်ဥတင်ပေးပါ။
(၈)တွဲဖက်အဖြစ်ငရုပ်ချဉ်သို့ကြက်ဆာတေးနှစ်ချောင်းနှင့်သခွားသီးကြက်သွန်ကိုသကြားရှာလကာရည်ဖြင့်လည်းတွဲပေးနိုင်ပါတယ်။

No comments:
Post a Comment