30 May 2015

မ​လေးရှားပန်​ကိတ်

Malaysia Pan Cake
(Apam Balik )
Peanut Pan Cake ကိုစင်္ကာပူနေ၇ာအတော်များများမှာ အစာပြေစာအဖြစ်ေ၇ာင်းကြပါတယ်။ပါဝင်ပစ္စည်းအနည်းငယ်နဲ့အိမ်မှာမနက်ခင်းစာ၊ညနေအစာပြေစာအဖြစ် ကိုယ်တိုင်လုပ်စားနိုင်တဲ့ မုန့်လေးလည်းဖြစ်ပါတယ်။ အတွင်းမှအစာကို မြေပဲထောင်း၊နှမ်း၊ ပဲယိုအစရှိသဖြင့်ထည့်တတ်ကြပါတယ်။
ပါဝင်ပစ္စည်း
*******
ဂျုံ - ၂၀၀ ဂ၇မ်
သကြား - ၁၂၀ ဂ၇မ်
ဆား - အနည်းငယ်
ကြက်ဥ - တစ်လုံး
Yeast - လ္ဘက်ဇွန်း တဝက်
Baking Soda - လ္ဘက်ဇွန်းတဝက်
ေ၇ သို့ နွားနို့ - ၃၆၀ ml
မြေပဲထောင်း - အစာသွပ်၇န်
သကြား - ဖြူး၇န်
ထောပတ် - အိုးလူး၇န်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဇလုံတခုတွင်သကြား၊ဆား၊ကြက်ဥ၊နွားနို့(သို့)ေ၇ထည့်ပြီးသကြားပျော်အောင်မွေပေးပါ။
(၂)သကြားကျေပါကဂျုံမှုန့် ၊yeast နှင့် baking soda ထည့်ပြီးချောမွတ်လာသည်ထိမွေပေးပါ။
(၃)ပြီးလျှင်အဖုံးအုပ်ပြီးမုန့်နှစ်၇ည်ကို နာ၇ီဝက်ခန့်နှပ်ထားပါ။
(၄)မီးဖိုပေါ်တွင်အိုးမကပ်သည့်ဒယ်ကိုအပူပေးပြီးထောပတ်လူးထားပါ။
(၅)အိုးပူပါကမုန့်နှစ်၇ည်တစ်ဇွန်းခပ်ထည့်ပြီးအဖုံးအုပ်ထားပါ။အထူအပါးမိမိနှစ်သက်သလိုထည့်နိုင်ပါတယ်။
(၆)မုန့်သားလေးများအနည်းငယ်ခြောက်ကာအပေါက်လေးများဖြစ်လာပါကသကြားဖြူးပြီးမြေပဲထောင်းခပ်ထူထူဖြူးပေးပါ။
(၇)အိုးနှုတ်ခမ်းဘေးသားလေးများနီေ၇ာင်သမ်းလာပါကဂေါ်ပြားလေးဖြင့်ထိုးကော်ပြီးထပ်ခြမ်းခေါက်ပေးပြီးထုတ်ယူအအေးခံထားပါ။အနည်းငယ်အေးသွားမှသာလိုသလိုလှီးဖြတ်ပြီးသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...