29 May 2015

အုန်းနို့ကြက်​သားမျှစ်​ဟင်း

Red Chicken Curry with Bamboo Shoots

ယိုးဒယားအုန်းနို့ကြက်သားဟင်းတမျိုးပါ။အုန်းနို့နဲ့ဟင်းချက်အနှစ်တို့ရဲ့သင်းပျံ့မွေးကြိုင်ပြီးစပ်ရှိန်းရှိန်းအရသာကြောင့်ထူးကဲလှတဲ့ဟင်းတခွက်ဖြစ်ပါတယ်။ချက်ရလွယ်ကူမြန်ဆန်လို့အိမ်ရှင်မများနှစ်သက်ကြမယ်ထင်ပါတယ်။ချက်ကြည့်ရအောင်နော်။
လိုအပ်သောပစ္စည်း
**********
ကြက်သား - တစ်ပွဲစာ ၁၅၀ ဂရမ်
မျှစ်ပြုတ် - ၁၅၀ ဂရမ်
အုန်းနို့ - ၂၀၀ ml
အနီရောင်ဟင်းချက်အနှစ် - နှစ်ဇွန်း စားပွဲဇွန်း
ပုဇွန်ငံပြာရည် -နှစ်ဇွန်း
သကြား - တစ်ဇွန်း လ္ဘက်ဇွန်း
ရှောက်ခါး၇ွက် - နှစ်ရွက်
ဆား ၊ငရုပ်ကောင်း - အနည်းငယ်
ဆီ - အနည်းငယ်
နံနံပင်၊ပူစီနံ - အလှတင်ရန်
ငရုပ်သီးနီ နှစ်တောင့် - အလှဆင်ရန်

ပြင်ဆင်ချက်ပြုတ်ပုံ
**********
(၁)ဦးစွာကြက်သားကိုရေဆေးသန့်စင်ကာလိုသလိုလှီးထားပြီးဆားငရုပ်ကောင်းဖြင့်နယ်ထားပါ။
(၂)မျှစ်ကိုပါးပါးစိတ်ထားပါ။ရှောက်၇ွက်၊ငရုပ်သီးစိမ်းကိုစိတ်ထားပါ။ (၃)အိုးတခုတွင်ဆီအနည်းးငယ်ထည့်ပြီးမီးသေးသေးဖြင့်ဟင်းချက်အနှစ်ကိုဆီသပ်ပါ။ကြက်သားထည့်ကြော်ပါ။
(၄)ကြက်သားအေ၇ာင်ပြောင်းပါကအုန်းနို့ထည့်ပြီးငံပြာရည်၊သကြားတို့ထည့်ပါ။
(၅)အုန်းနို့အနည်းငယ်ခမ်းပြီးဆီပြန်လာပါကမျှစ်ပြုတ်၊ရှောက်၇ွက်၊ငရုပ်သီးတို့ကိုထည့်ပါ။လိုအပ်ပါကရေအနည်းငယ်ထည့်ပေးပါ။
(၆)ပြန်လည်ဆူပွက်ပြီးကြက်သားနူးပါကအရသာအပေါ့အငံမြည်းပြီးမီးဖိုမှချပါ။နံနံပင်ငရုပ်သီးတို့ဖြင့်အလှဆင်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

1 comment:

  1. အားလုံးဖတ်ပြီးသွားပြီး)
    ရှမ်းဟင်းလေးတွေလည်း များများတင်ပေးပါနော်။
    မမအိုင်အိုရာ

    ReplyDelete

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...